Friday, 31 May 2013

DVB - 09.06.2011 - Interview (ဒီပဲရင်း အဖြစ်အပျက်မှန်)

DVB - 08.06.2011 - Interview 2 (ဒီပဲရင်း အဖြစ်အပျက်မှန်)

မိတ္ထီတွေ နောက်ထပ်မလာအောင်အာဏာပိုင်တို့ တကယ်လုပ်၊ လူထုတို့ တကယ်ဝိုင်း။


.........................................................................

ဟိုတစ်လောက တစ်တိုင်းပြည်လုံး ဆူပွတ်ယိမ်းယိုင်သွားတော့မလားဟဲ့လို့ ကျုပ်ရင်တမမ ဖြစ်လိုက်ရတယ်ဗျာ။ ပြေးပေါက်တော့ မရှာပါဘူး။ မိုးပြိုအများပေါ့ကွယ်လို့ပဲ စိတ်တုံးတုံးချတယ်။ စိတ်သာတုံးတုံးချတာ စကားကတော့ လျှာဖျားမှာ အားကြီးသီးနေရသပေါ့ဗျာ။ ကျုပ်ကတောပြော-တောင်ပြော ပြောသမားဆိုတော့ စကားရောင်းစကားဝယ် လုပ်ချင်သူတွေနဲ့ အံကိုက်ဖြစ်နေတော့တာပေါ့။

အားလုံးသိကြတဲ့အတိုင်းပေါ့။ မိတ္ထီလာမှာ အရပ်သားနှစ်ယောက်အကြား ပဋိပက္ခပွားရာကတစ်မြို့လုံး သင်္ချိုင်းကုန်းအဖြစ်မျိုး ရောက်သွားခဲ့တယ်လေ။ အစိုးရဘက်က မသာစာရင်းနဲ့ အရပ်ဘက်က လူသေစာရင်းကတော့ကွာချင်တိုင်းကွာပေါ့။

အဖြစ်ဆိုးတွေကတော့ ဆိုးသွားခဲ့ပြီပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ အစိုးရကြီးများတောင် ဘာမှမတတ်နိုင်တာ။ ကျုပ်တို့လို အရပ်သူအရပ်သား ပါမွှားနင်းပြားတွေအဖို့ကတော့ ဘုရားတနေခဲ့ကြရတာပါပဲ။

ဘာမှမတတ်နိုင်ဘူးဆိုပေမဲ့ ပြောရေးရှိကပြောအပ်စွလေးတွေတော့ ပြောရမှာပေါ့။

လူကြီးတွေကတော့ ပြောကြပါရဲ့။ တရားဥပဒေစိုးမိုးရေးတဲ့။ မိတ္ထီလာနဲ့နောက်ဆက်တွဲ မသာပေါင်းများစွာ၊ မီးလောင်မြေပေါင်းများစွာ၊ ဗလီပြိုပေါင်းများစွာကတော့ တစ်မျိုးအသံထွက်နေလေရဲ့။

အဲ့ဒီအသံတွေ ပြောတဲ့စကားကဘယ်လိုလဲ။ ရဲတွေလက်ပိုက်ကြည့်နေသတဲ့။ တာဝန်ရှိသူတွေ မျက်နှာလွှဲနေကြသတဲ့။ အဖျက်သမားတွေ ဂိုဏ်းဖွဲ့ထိုးစစ်ဆင်နေကြသတဲ့။ ဒီလိုအသံတွေကတော့ ထွက်နေတာပဲပေါ့။ ဟုတ်သလောက်လည်း ဟုတ်နေပေသကိုး။

တစ်ဆင့်တိုးလာတဲ့ အသံတွေက တော့ အာဏာပိုင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ကြောင်တောင်ကန်းနေကြသတဲ့။ တုဏှိဘော လျှာကြောသေနေကြသတဲ့။ ဒါကတော့ မဟုတ်လှဘူးဗျ။ သမ္မတ ဦးသိန်းစိန်ရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရယ်၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရယ် သုံးပွင့်ဆိုင်ဆွေးနွေးသတဲ့။ မူခြောက်ချက်ချလိုက်သတဲ့။ တရားဥပဒေစိုးမိုးရေး ထိရောက်အောင်လုပ်ရန်ဆိုတာက တစ်ချက်။ ‘မိတ္ထီ’ တွေ နောက်ထပ်မ ‘လာ’ ရလေအောင် တားဆီးကာကွယ်ရန်ဆိုတာကတစ်ချက်။ အဲဒီနှစ်ချက်ကအရေးကြီးဆုံးပဲ။ ကျုပ်တို့ကတည်း ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်ကြပါလို့ပဲ ကျယ်ကျယ်ကြီး ပြောရတော့မယ်။ အာဏာပိုင်တွေကလည်း တကယ်လုပ်၊ လူထုကလည်း တကယ်ဝိုင်းကြရပေမပေါ့။

အရေးကြီးတဲ့ အသံကျယ်ကျယ်တစ်ခွန်းတော့ နိုင်ငံရေးအသိုင်းအဝိုင်းထဲက ပြောလာတယ်။ ၈၈ ကျောင်းသားအဖွဲ့ခေါင်းဆောင်ပိုင်းက ထွက်လာတဲ့အသံဗျ။ ဒီနေ့ သတ်ပွဲ၊ ဖျက်ပွဲ၊ ဖြိုပွဲ၊ ရှို့ပွဲတွေဟာ ပြည်သူတွေမျှော်နေတဲ့၊ တောင်းနေတဲ့၊ တိုက်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ပျက်စီးစေလိမ့်မယ်တဲ့။ အစိုးရက မထိန်းနိုင်ရင်၊ ပြည်သူကမတားနိုင်ရင် ဒီမိုကရေစီ ဇာတ်မပေါင်းခင် ခေါင်းပြတ်၊ ဇက်ပြတ်တွေ ဖြစ်ကုန်လိမ့်မတဲ့။ (ရှစ်လေးလုံးကာလတုန်းက အဖျက်အမှောင့်သမားတွေခေါင်းဖြတ်ပွဲတွေနွှဲခဲ့ကြသလိုလေ။)

ခေါင်းဆောင်ကြီးတွေပြောသလိုကျုပ်လည်း ပြောနေတာပါပဲဗျ။ ခေါင်းဆောင်လေးတွေရင်မ သလို ကျုပ်လည်းရင်မ နေတာပဲဗျ။ ကျုပ်က ခေါင်းဆောင်းကြီး-ငယ်တွေလို အရာမရာက်တောက်တောက်ပပ မဟုတ်ဘူးလေ။ ဒီတော့ အသံတိုးတိမ် အရောင်အဝါမှိန်ပေပေါ့။

ကျုပ်ပြောချင်တဲ့ အသံတချို့က ဒီလိုဗျာ။

မိတ္ထီလာလို၊ မိတ္ထီလာကတစ်ဆင့်တပ်ကုန်းလို၊ တပ်ကုန်းကတစ်ဆင့်အုတ်ဖိုစစ်ကွင်းလို၊ အုတ်ဖိုစစ်ကွင်းက တစ်ဆင့်ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းလို အဲဒီကတစ်ဆင့် မင်းလှ၊ မိုးညိုလို ဆူပူဖျက်ဆီးသတ်ဖြတ်မှုတွေ တောမီးလောင်သလိုပြန့်ကူးနေတာဟာ ရပ်တန်းက ရပ်ချိန်တန်ပြီ။ လူထုကိုယ်တိုင်ကိုယ်ကျ ထိန်းကြပ်မှဖြစ်တော့မယ်ဗျာ။ မြို့လူထု၊ ရွာလူထုဟာ ကိုယ့်ကာကွယ်ရေး ကိုယ်လုပ်ကြရတော့မယ်ဗျာ။ ရှစ်လေးလုံးကာလလို ကိုယ့်လမ်း၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကိုယ် ကာကွယ်တဲ့နည်းကို စီမံကြရတော့မှာပဲ။ လိုအပ်ချက်အတိုင်း ရုပ်လုံးဖော်ရတော့မှာပဲ။

ဒုတိယပြောချင်တာက နှစ်သမနိရှည်ကြာစွာ ရပ်ဆွေရပ်မျိုးလို နေထိုင်ပေါင်းသင်းလာခဲ့ကြသူတွေ ဘာကြောင့်ရမ်းကားရက်စက် ဘီလူးသဘက်လိုသတ်ကြ-ဖြတ်ကြ၊ ရန်စောင်-ရန်လိုဖြစ်နေကြသလဲ။ နှစ်ဖက်လုံးမှာပေါက်ပွားနေတဲ့အစွန်းရောက်တွေကို ဘာကြောင့်မဖျဉ်-မဖျန်နိုင်ကြသလဲ။ ခေါင်းမာသမားတွေကို ခေါင်းချင်းဆိုင်ပေးရတော့မှာပဲ။

တတိယပြောချင်တာက လူတွေဟာလူတွေပဲ။ မွတ်စလင်သော၊ ကုလားသော ဘာသော ညာသော လာပြောမနေနဲ့။ လူဟာလူပဲ။ လူတိုင်းမှာ သူ့လူသားပီပီ အသက်ရှင်နေထိုင်နိုင်တဲ့အခွင့်အရေးရှိတယ်။ လူ့ဘောင် လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးဟာ တရားဥပဒေစိုးမိုးရေး သက်သက်ကလေးနဲ့ ကိစ္စမပြည့်စုံသေးဘူး။ လူသားအခွင့်အရေး အပြည့်အဝဖော်ထုတ် ထုံမွှမ်းနိုင်မှ ထမြောက်နိုင်တယ်။

ဒီမိုကရေစီအပြောင်းအလဲ ဖော်ဆောင်နေတဲ့စစ်အာဏာအရေခွာ အရပ်သားအစိုးရကြီးခင်ဗျား၊ လူ့အခွင့်အရေးအပြောင်းအလဲဖော်ဆောင်ရေးတွေလည်း မေ့ချန်မထားပါလေနဲ့။ မေ့ကျန်သလောက် မေ့ကျန်နေသေးသပါ့ဆိုရင်လည်း တစ်ဆိတ်လောက် ပြန်ကောက်ဖြည့်ဆည်း ဖော်ဆောင်လိုက်ပါဦးလို့ ပြောချင်သဗျာ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၃)

အရိုးတွန်သံတွေ ညံညံစီ ရွှေမြန်မာပြည်လူဇာတ်သွင်းကြစို့ ။



လူဆိုတာ ဘုရားလောင်း ဖြစ်ရင်ဖြစ်၊ ဒေဝဒတ်လောင်းဖြစ်ရင်ဖြစ်၊ တစ်ဖြစ်ဖြစ်တော့ ဖြစ်ရတော့တာပဲတဲ့။ အသက်ကြီးလေ အဲဒီစရိုက် ပေါ်လာလေတဲ့ဗျာ။ ရှေးလူကြီးသူမတွေ ပြောခဲ့တဲ့စကားပါ။ ဟုတ်လောက်ပါတယ်ဗျာ။ ကိုယ်တွေ့ဗျ။

မနေ့တနေ့ ကျုပ်အသက် ၈၃ နှစ်ပြည့်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လူငယ်မျိုးဆက်သစ်တွေ မနည်းမနောပဲဗျာ။ ကျုပ်တစ်ယောက် သေခရီးမှာ တစ်မိုင်တိုင် ပိုနီးလာတာကို ဝမ်းသာကြ၊ ချီးကျူးကြပေါ့။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်လည်း ဝမ်းသာအယ်လဲ ဖြစ်ရတာပေါ့။ သူတို့က ကျုပ်ကို ဘုရားလောင်းလိုလို၊ သူတော်ကောင်းယောင်ယောင် မွေးနေ့ထုံးစံ လောကွတ်စကားပြောကြတယ်ဗျ။

ကျုပ်ကတော့ ပြုံးမိပါတယ်။ လူဆိုတာ အသက်ကြီးလေ၊ အချိန်မစီးချင်လေ ဖြစ်တတ်တာမျိုးဗျ။ ကျုပ်က ဖြစ်စားရှိ ဒေဝဒတ်လောင်းပဲဖြစ်မှာ ထင်ရဲ့ဗျာ။ ကျုပ်က ဒေါသမူစိတ်ကလေးနဲ့ အသက်ရှည်နေတာကိုး။ ဟိုအချုပ်မှူးကြီးတွေ မောဟဇောနဲ့ မိုက်ခဲ့ကြသလို ကျုပ်ကလည်း ဒေါသရောင်တော်ပြန် လွှတ်နေမိသဗျာ။ ဒီလိုနဲ့ သေခါနီးလေ၊ ဒေဝဒတ်ရေစုန် လိုက်မိလေဖြစ်နေရတယ်။

ဒီလိုဗျ။ ဒီနေ့ကမ္ဘာမှာ လူတွေကို လူလို မှတ်လာနေကြပြီဗျာ။ လူအခွင့်အရေးဆိုတာကြီးက ဟည်းတိုက်ပြီး လူ့လောကကို ရိုက်ခတ်လွှမ်းမိုးလာတာကိုး။ ဒီလိုနဲ့ လူတွေကို လူလိုမှတ်ကြ၊ လူတွေကို လူလိုမြင်ကြဆိုတဲ့ လူသားစိတ်တွေ ပြန့်ပွားလာတယ်။ လူသားစိတ်တွေ မွေးမြူလာတယ်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရင် ငါလည်းလူ၊ သူလဲလူပါပဲကလားဆိုတဲ့ လူသားချင်းစာနာစိတ်တွေ ပွားတိုးလာတယ်။

ဒါကြောင့်ပဲ ထင်ရဲ့။ ကမ္ဘာ့နိုင်ငံအများမှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို အသိမှတ်ပြုလာတယ်။ ကူညီကယ်ဆယ်လာတယ်။ ဘဝပြန်လည်ထူထောင်လာတယ်။ ကျုပ်တို့ ရွှေဗမာအစိုးရတွေတောင် လူစကား ပြောလာတယ်။ လူပုံဖမ်းလာတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို နားခါးခါးနဲ့ ကြားယောင်ယောင် လုပ်လာတယ်။ ကျုပ်ကတော့ ဝမ်းသားတာပေါ့။ ဒါတောင် လူအတော်များများဟာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို အာဘောင်ပဲ့အောင် ရဲရဲမပြောဝံ့ကြသေးဘူး။ လူ့အခွင့်အရေး တိုက်ပွဲဝင်လုပ်ငန်းတွေလုပ်တိုင်း ဘာအာဃာတမှ မရှိပါဘူး ခင်ဗျားဆိုတဲ့ စကားပလ္လင် ခံနေကြရှာသေးတယ်။

တစ်လောက ကမ္ဘာကျော်လူ့အခွင့်အရေးတိုက်ပွဲဝင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကျုပ်အိမ်ရောက်လာတယ်။ စကားလက်ဆုံပြောမကုန်ပေါ့။ သူ့နိုင်ငံ တောင်အာဖရိကမှာ လူဖြူ-လူမည်း လူ့အခွင့်အရေးတိုက်ပွဲအမွေဆိုး စာရင်းပိတ်ပုံတွေကို ပြောတယ်။ အမှတ်တရားဖော်ထုတ်ရေး ကော်မရှင်တွေဖွဲ့ပြီး လုပ်မှား-ကိုင်မှားတွေ စာရင်းရှင်းပုံတွေ ပြောပြတယ်။ အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်းရေး၊ လမ်းသစ်ဖွင့်ပုံတွေပြောပြတယ်။ လူထုပြဿနာကို လူထုနည်းနဲ့ ရှင်းပုံရှင်းနည်းတွေပြောပြတယ်။

ကျုပ်တို့နိုင်ငံမှာ ‘ချေနှစ်ချေ’ ကို နိုင်ငံရေးခေါင်းဆောင်ကြီးတွေက တဖွဖွပြောကြတယ်။ လက်စားမချေဘူး၊ သင်ပုန်းချေမယ်ပေါ့။ စကားလုံးသက်သက်ပဲ။ အလုံးပုံစံမပါဘူး။ ကိုရွှေဗမာ မှူးကြီးချုပ်ကြီး၊ ချုပ်မှူးကြီးတွေကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားသံကြားလိုက်ရရင် မျက်ထောင့်နီတုန်း၊ နှာကောက်တုန်း။ ဟုတ်မှာပေါ့လေ။ သူတို့က ဒေါင်ဒေါင်မြည် စစ်အာဏာရှင်တွေ ဖြစ်ခဲ့ပေသကိုး။ လူ့စကား (လူ့အခွင့်အရေးစကား)၊ ဒီစကား (ဒီမိုကရေစီစကား) ဘယ်ကြားချင်ကြလိမ့်မတုံး။ နားခါးကြတာပေါ့။ အဲ့ဒီစကားမျိုး ပြောသူတွေကိုဆရာမြို့မငြိမ်းရဲ့ ဘင်ဂျိုသီချင်းထဲကလို ဘင်ဂျိုခေါက်သံပေးတဲ့လူတွေ ဘုရင်ကဖမ်းခိုင်းပြီး ကိုယ်လုပ်တော်တွေနဲ့ ဝိုင်းကလိုးထိ-ကလိထိုးသလို လုပ်ချင်ကြတာကိုး။ သူတို့ ကလိထိုးပုံက လက်ပံတောင်းတောင်မှာ လုံခြုံရေးရဲတွေက ရဟန်းသံဃာတွေကို အရုဏ်ဆွမ်းကပ်သွားတဲ့ မီးလောင်ဗုံးနဲ့ ထိုးဆွတာ ဖြစ်နေလေတော့ လူတိုင်း ကြောက်တုန်း-လန့်တုန်း ဖြစ်ကြရတာပေါ့ဗျာ။

ကျုပ်လည်း အဲ့ဒီအဖြစ်မျိုးတွေကိုကြားကြားနေရတာကိုး။ ဒီတော့ ဒေါသမူစိတ်ဆိုးက ရင်ဝဆောင့်ဆောင့်တိုးနေတော့တာပေါ့။ ဒီလိုနဲ့ ကျုပ်လည်း ဒေဝဒတ်လောင်းလျာ ဖြစ်နေရရှာတာပေါ့။

တကယ်တော့ဗျာ၊ ကျုပ်တို့နိုင်ငံမှာ လူ့အခွင့်အရေးတရားခံတွေဟာ သူတို့ပြစ်မှုကို ဝန်ချရင်ချ။ ဒါမှမဟုတ် သူတို့ရဲ့မဟာဘဏ္ဍာသိုက်ထဲက စိုက်ထုတ်ပေးလျော်ချင်ပေးလျော်။

ဒါမှမဟုတ် ယူဂိုဆလင်တို့၊ ဆူဒန်တို့ဆိုတဲ့ နိုင်ငံတွေက လူသားဆန့်ကျင်ပြစ်မှုကျူးလွန်သူတွေကို ကမ္ဘာ့တရားရုံးတွေမှာ တရားစွဲခံချင်ခံ။

ဒါမှမဟုတ် တောင်အာဖရိကနိုင်ငံမှာလို အမှန်တရားဖော်ထုတ်ရေးကော်မရှင် ဖွဲ့ချင်ဖွဲ့။

တကယ်တမ်းပြောရရင်တော့ - ဒီနေ့တိုင်းပြည်မှာ လူအခွင့်အရေးပြဿနာတွေက သမိုင်းစာအုပ်တွေထဲက ဝေါဟာရစကားလုံးကို ‘ချေသော်မကျေ’ ရှိနေဆဲပဲဖြစ်တယ်ဗျာ။

မကြာခင်က ကျင်းပသွားတဲ့ ၂၅ နှစ်မြောက် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခမ်းအနားတွေလို အရိုးတွန်သံတွေကတော့ ပြည်သူလူထုကြားမှာ ညံနေပေဦးမှာပဲဗျို့။ ကြာရင် အဲဒီအရိုးတွေဟာ တွန်ရုံတွန်တာထက် နတ်ပွဲဇတ်လမ်းတွေဖြစ်၊ တခြိမ်းခြိမ်း၊ ကခုန်ကျိန်ဆဲဖြစ်လာနိုင်သလောက်ဗျာတို့။

ကျုပ်တစ်ယောက်လည်းဒေဝဒတ်လောင်းလျာဘဝက လွတ်ကျွတ်ချင်လှပါပြီဗျာ......။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၁)

ပြည်သူတွေပြင် ဘုရင်တွေပြောင်းရမယ်၊ကောင်းသောဥပဒေစိုးမိုးခေတ်သို့ ။



နိုင်ငံခြားသတင်းဌာန တစ်ခုလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်း ကြီးပါကလား။ သတင်းကဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားဗျ။ ဘာတဲ့။ အဲ....အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို လျော့ချသွားတော့မယ် ဆိုပါကလား။

သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာလုပ်တာ များလားဗျာ။
`
ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ်ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော်က အစိတ်သားကြီး (အဲလေယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲ ရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိစွာ လျော့ချနိုင်မှာပါတဲ့။

သမ္မတကြီးက အခြေခံဥပဒေကြီးပြောင်းဖို့တော့ အတော်ပြောတဲ့လူဗျာ။ ပြည်သူ့လွှတ်တော်ကြီးကို သဝဏ်လွှာတစ်စောင် ပေးပို့ဖူးတယ်။ လွှတ်တော်ဟာ လွတ်လပ်တဲ့ အဖွဲ့စည်းပဲတဲ့။ အခြေခံဥပဒေကို ပြင်ပါလားတဲ့။ အဲဒီတုန်းက သူပြောတာက လွှတ်တော်ကြီး အခြေခံဥပဒေ ပြင်ပေါ့ဗျာတဲ့။

ဖင်လန်မှာပြောတဲ့ စကားမှာတော့ အခြေခံဥပဒေပြင်ရေး မပါရေးချမပါဗျ။ အခြေခံဥပဒေ မပြင်မပြောင်းဘဲနဲ့ ဘယ်လိုများ ‘အပ်ချလောင်း’ မလို့လဲဗျာတို့။

အခြေခံဥပဒေပုဒ်မ ၁၀၉ (ခ) မှာက ‘၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ’ ရယ်လို့ ပြောင်းတတ်ပြီး ရေးသွင်းထားတာလေဗျာ။ ပုဒ်မ ၁၄၀ (ခ) မှာက ‘အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး’ လို့ ရှင်းထင်းကြီး ရေသွင်းထားတာလေဗျာ။

ဘာတွေပြောပြောဗျာ။ ကျုပ်ကတော့ သမ္မတကြီးပြောတာကို ယုံတယ်။ ရွှေလည်တိုင်ဖော့ရိုး ကျိုးခါမှကျိုးရော့။ ကျုပ်ကတော့ ၂၀၁၅ အလွန်ကို မျှော်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တစ်ယောက်တည်း အိုကြောင်ဖြစ်လာသလား မသိပါဘူးဗျာ။ ယုံတယ်....မျှော်တယ်ဆိုတဲ့စကားတွေကိုပဲ ဂါထာမန္တန်ရွတ်သလို တတွတ်တွတ် ရွတ်နေမိတယ်။

ကျုပ် အိမ်နီးချင်း သူငယ်ချင်းက နားငြီးလို့ လာငေါက်မှပဲ မန္တန်ရွတ်ရပ်တော့တယ်။

သူမေးတာနဲ့ကျုပ်က ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ သူက မင်းနှယ်ကွာ မကြီးမငယ် တောမျှော်-တောင်မျှော် လုပ်နေရတယ်လို့။ မင်းတို့ ဒီချုပ်ညီလာခံကြီးက တေမိလုပ်နေမှာလားကွ။ ၂၀၀၈ က ဒီချုပ်ထုတ်ခဲ့တဲ့ အခြေခံဥပဒေပြင် ၁၂ ချက်လို ကိစ္စမျိုးက အသံထွက်လာမှာပေါ့ကွာ။ ဒီချုပ်ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက ထုတ်ခဲ့တဲ့ကြေညာချက်ထဲက အခြေခံဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုးကလည်း အသံဟိန်းလာမှာပေါ့ကွလို့ ပြောတယ်။

ဒီတော့မှ ကျုပ်လည်း မေ့ရာကလန့်နိုးသလို အမောတကြီးပြောမိတယ်။ အေး ဟုတ်တာပေါ့။ အခြေခံပြင်ဆင်ရေးလူထုလှုပ်ရှားမှုတွေက အခုအချိန်လောက် ကတည်းက စကြရာမှာပေါ့။ ၂၀၁၅ လွန်အထိ ဘယ်စောင့်နေနိုင် လိမ့်မတုံး။ အခြေခံဥပေဒေပြင်ရေး လူထုရှင်းပွဲတွေ၊ ဟောပွဲတွေ၊ တောင်းပွဲတွေ ပေါင်းလန်အောင် လုပ်ကြရမှာပေါ့။

ဟုတ်တယ်ဗျ။ ဒီချုပ်ဗဟိုညီလာခံလိုမျိုးက အခြေခံဥပဒေပြင်ဆင်ရေး စီမံချက်တွေရေးဆွဲ၊ အောက်ခြေဒီချုပ်အဖွဲ့အစည်းတွေက လူထုကိုရှင်းလင်းနဲ့ပါတီ ပြည်သူ့ကြည်ဖြူလက်တွဲကြမယ်ဆိုရင် ပြည်သူ့လိုအင်ဆန္ဒကြီးအကောင်အထည်ပေါ်လာရမှာ မုချပေါ့ဗျာ။

ကျုပ်ကတော့ မေ့တေ့တေ့ပဲ။ ဟိုစကားပုံကြားဖူးရဲ့မဟုတ်လား။ ဘာတဲ့။ ပြည်သူပြင်ရင် အာဏာရှင်ပြောင်းဆိုတဲ့စကားလေ။

ကိုင်း.....ကိုင်း.....သံပြိုင်ဟစ်လိုက်ကြစမ်း

ပြည်သူတွေ ပြင်ပြင်

ရှင်ဘုရင်တွေ ပြောင်းပြောင်း

ကဲ....နောက်တစ်ကျော့.....။

ပြည်သူတွေ ပြင်ပြင်

ရှင်ဘုရင်တွေ ပြောင်းပြောင်း။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ်(၁၀)။ ။

ဘယ်သူအကြမ်းဖက်ဖက် လက်မခံ၊ တာဝန်ရှိသူတွေ တာဝန်ယူရမယ်။




“မပြောမပြီး မတီးမမြည်” တဲ့။ ဗမာဆိုရိုးစကားရှိတယ်။ ဟုတ်တာပေါ့ဗျာ။ မတီးမှတော့ ဘယ်ဗုံက မြည်လိမ့်မတုံး။ ဘယ်မောင်းက ဟည်းလိမ့်မတုံး။ မှန်လိုက်လေ။ ဒါပေမယ့် မပြောမပြီးဆိုတာကတော့ မမှန်တမှန်ပဲဗျ။ ပြောတိုင်း ပြီးတာမှ မဟုတ်တာ။ မပြီးတာ ဘာတတ်နိုင်မလဲ။ မပြီးမှတော့ ထပ်ပြောပေါ့။ ထပ်မပြီးတော့လည်း ထပ်ထပ် ပြောရုံပေါ့။

သမ္မတကြီး ဦးသိန်းစိန်က စကားသာ မသွက်တာ၊ အပြောတော့ ညက်သဗျ။ သူ့ခမျာလည်း မပြောမပြီးသမားနဲ့တူရဲ့။ ပြောရှာဖော်တော့ ရပါတယ်။ ဒါပေမယ့် ပြောတဲ့ကြားက မပြီးတာတွေရှိတော့လည်း ထပ်ထပ်ပြောနေရရှာပုံပေါ်ပါတယ်။

မနေ့တစ်နေ့က မီဒီယာမှာ ဖတ်လိုက်ရတာကတော့ အရာရှိကြီးတွေ အရည်အချင်းပြကြဟေ့တဲ့။ အရည်အချင်းမပြည့်လို့ကတော့ ကျန်ခဲ့ကြမှာနော်...တဲ့။ မကြာခင်တုန်းကလည်း ဒီစကားမျိုး ပြောခဲ့သေးသဗျ။ ရှေ့ခရီးမှာ အတူမလိုက်နိုင်သူတွေကို ချန်ခဲ့ရမှာနော်တဲ့။ ပြောခဲ့တယ်လေ။

အဲ့ဒီလိုစကားမျိုးတွေကြားရတော့ ကျုပ်တို့လို ဘေးထိုင်ဘိုင်ဌေးနေရသူတွေအဖို့ နားချမ်းသာတယ်ဗျာ။ လူဘိုင်ကျပေမဲ့ နားဌေးတယ်ပေါ့။ မစားရဝခမန်းဆိုတာ ဒါမျိုးပဲ။

မကြာလိုက်ဘူးဗျ။ ဝန်ကြီးတစ်ပါး ဘယ်ရောက်သွားတယ်မသိ။ ထုတ်ဆိုလား၊ ထွက်ဆိုလားပဲ။

ဟို ဘယ်သူဆိုလား၊ ပြန်ကြားဝန်ကြီးဆိုလားပဲ။ အရှင်လက်လက် ဘဝပြောင်းသွား ဆိုလားပဲ။ ဗိုလ်ဝန်ကြီးကနေ ဘိုင်ဝန်ကြီးဖြစ်သွားသတဲ့။

အခုလည်း တနင်္သာရီခရီးမှာ သမ္မတ ပြောပြန်ပြီ။ အရာရှိကြီးတွေ အရည်အချင်းမမီရင် ကျန်ခဲ့မှာတဲ့။ အင်း..... သမ္မတစကားဆိုတော့ အာဏာစူးသလောက် စူးလိမ့်ပေမပေါ့လေ။ စောင့်ကြည့်ကြရမှာပေါ့။

ကျုပ်ပြောချင်တဲ့စကားက စစ်အာဏာရှင်ခေတ်ကြီးကို အမွေခံ လှိမ့်လည်နေတဲ့ ဒီနေ့ အုပ်ချုပ်ရေးယန္တရားမှာ တကယ်တမ်း အုပ်တတ်ချုပ်တတ် လူထုအကျိုးဆောင်တတ်တဲ့သူ အချိုးအစား ဘယ်လောက်များသလဲ။ ရာခိုင်နှုန်းဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းမျိုး ဖြေနိုင်ရင် ဖြေကြပါဘိ။

ဒီမေးခွန်းက မေးကိုမေးရလိမ့်မဗျ။ အားလုံးသိကြတဲ့အတိုင်း ဒီမြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အရာရှိကြီးတွေဆိုတာထဲမှာ မိုးကျရွှေကိုယ်တွေက နည်းတာမှ မဟုတ်တာဗျာ။ ကျုပ်ထောင်ထဲမှာ ကြုံခဲ့ဖူးတာပြောမယ်။ အရပ်မြင့်မြင့်၊ အပွင့်ကြီးကြီးတွေကို ဘယ်သူဘယ်ဝါ၊ ဘယ်ကလာ၊ ဘာတွေလုပ် မမေးနဲ့။ အကုန်လိုလို ကျန်စစ်သားချည်းပဲဗျ။ စစ်တစ်ဖြစ်လဲချည်းပဲဗျ။ တိုင်းသိပြည်သိကိစ္စဗျာတို့။

ထောင်ထဲမှာတော့ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေ အရည်အချင်းပြည့်ကြပါပေတယ်။ ခြေသွက်လက်လျှို အမျိုအဆို့ ကောင်းကြပါ ပေတယ်။ အဲ့ကလို လက်မရွံ့တွေဟာ ထောင်နဲ့တန်တဲ့ အရည်အချင်းရှိတယ်လို့ ဆိုရင်ဆိုပါ။ အများပြည်သူကို ကျောသားရင်သား မခွဲမခြား၊ သနားကြည်ဖြူ အုပ်စိုးတော်မူဖို့ တန်၏ ၊ မတန်၏တော့ အများကြီး ပြန်လည်သုံးသပ်ကြရလိမ့်မယ် ထင်မိသဗျို့။ ကျုပ်တို့ကတော့ စာမတတ် ပေမတတ် ကော်မရှင် စော်နံသူတွေ မဟုတ်ဘူးလေဗျာ။ ဘယ်လိုလုပ်ရင် ကောင်းမယ်ထင်ဆိုတာမျိုး ပြောတတ်မှ မဟုတ်ပေဘူးပေါ့ဗျာ။

တကယ်ပြောတော့လည်း ကော်မရှင်ဆိုတာကြီးတွေတောင် အဲ့သလိုမျိုးတွေ ပြောနိုင်တဲ့အနေအထား ရှိမှရှိပါရဲ့လားလို့ ကျုပ်ထင်ယောင်ဝိုးဝါး ဖြစ်နေမိသဗျာ။ ကြည့်လေ။ လက်ပံတောင်ကြေးနီစီမံကိန်း သပိတ်အကြမ်းဖက် ဖြိုခွဲမှုကြီးမှာ ဘယ်သူတာဝန်ရှိသလဲ။ ကြီးကြီးကြီးတွေ တာဝန်ရှိတာတော့ သေချာတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ဝန်ကြီးတစ်ပါးက နေပြည်တော်က အမိန့်ပေးလို့ အကြမ်းဖက်ဖြိုရတာပါလို့ တိုင်းသိပြည်သိပြောပြီးပြီ။ ဒါဖြင့် အမိန့်ပေးသူ ဘယ်သူလဲ။ ကဲ....ပြော။

ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကော်မရှင်က မေးတော့မယ်။ ဘယ်သူ တာဝန်ရှိသလဲ။ ဘယ်သူအမိန့်ပေးသလဲ။ ဘယ်သူ ဖြိုခွဲမှုကို ကွပ်ကဲသလဲ။ မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလား၊ မျက်ရည်ယိုဗုံးဆိုလား၊ မီရည်ယိုဗုံးဆိုလား၊ အဲ့ဒီ လောင်မီးဟုန်းဟုန်းငရဲဗုံးတွေကို ဘယ်သူပေးသလဲ။

မေးခွန်းတွေကတော့ တသီတန်းကြီးပေါ့။

ကော်မရှင်ကလည်းမေးတော့မှာပဲ

ကော်မရှင်မမေးခင် အစိုးရပိုင်းက ပုဂ္ဂိုလ်တစ်ဦးက အဲ့ဒီဗုံးကိစ္စ တာဝန်ရှိသူကို အရေးယူရမှာပဲလို့ ဦးခင်အောင် ပြောလိုက်ပြီဗျာ။ ကောင်းလိုက်တာဗျို့၊ ကောင်လေစွ။ ဒါပေမယ့် တာဝန်ရှိသူဘယ်လောက်များသလဲ။ ဘယ်အတိုင်းအတာ အရေးယူမှာလဲ။ လက်သည်အစစ် ဖော်ထုတ်မှာလား၊ နောင်အခါ ဒါမျိုးမဖြစ်ရလေအောင် ဘယ်လိုရှောင်ကြရှားကြမှာလဲ။ ကော်မရှင်ရော မေးစရာကော ကျန်ဦးမှာလား။ မေးလာရင် ဖြေစရာကော ရှိဦးမှာလား။

အငှားတရားခံရှာတာမျိုး၊ အောက်ခြေဖိထောင်းတာမျိုး၊ ထမင်းရည်ပူ လျှာလွှဲတာမျိုးမဟုတ်ရင်တော့လည်း လက်မခံနိုင်စရာ ဘာမှမရှိပါဘူး။

ယိုးဒယားမှာ ဖြစ်ပေါ်နေတဲ့ အမှုကိစ္စကြီး ကြားကြရဲ့ မဟုတ်လား။ ၂၀၁၀ ထိုင်းနိုင်ငံ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှုကြီးမှာ လူတွေသေကျေခဲ့ကြရတယ်။ အဲ့ဒီကိစ္စတွေအတွက် အစိုးရကဝန်ကြီးချုပ်ဟောင်းအဘီဆစ်ဝိဇ္ဇာဇီဝကို တရားစွဲတယ်။ အခု တရားရုံးရောက်နေပြီ။ တရားဆိုင်နေရပြီ။

နိုင်ငံများစွာမှာ လူထုဆန္ဒပြပွဲ နှိမ်နင်းမှုတွေကို လူထုအပေါ်အကြမ်းဖက်မှုအဖြစ်နဲ့ ရှုမြင်တယ်။ ဒါကြောင့်တရားစွဲကြတယ်။

လက်ပံတောင်း သပိတ်အကြမ်း ဖက်ဖြိုခွဲမှုကို ကျုပ်တို့ဘယ်လိုသဘောထားကြမလဲ။ ဘာဆက်လုပ်ကြမှာလဲ။ ဘယ်လိုပြောကြမှာလဲ။

အကြမ်းဖက် သပိတ်ဖြိုခွဲမှုမီးကတော့ မငြိမ်းသေးဘူးဗျာ။ အကြမ်းဖက်ဖြိုခွဲမှုအရေးယူဖို့ တောင်းဆိုချက်တွေကလည်း အသံမတိတ်သေးဘူးဗျာ။ ။


ဟံသာဝတီဦးဝင်းတင်


ဒီလှိုင်း ဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၉)

သမ္မတကြီးတောသွားတောင်သွား၊လယ်သမားကို တနပ်စားခိုင်းမယ်မထင်။

သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြလိမ့်မယ်လို့ ထင်မိတယ်ဗျာ။

လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။

ကျုပ်က သမ္မတကိုတော့ ယုံတုံတုံပါ။ ဒါပေမဲ့ သူ့အစိုးရရဲ့ လယ်ဝန်းကြီးတစ်ပါးကတော့ လယ်သမားကို ထမင်းတစ်နပ်လျှော့စားခိုင်းထားတယ် မဟုတ်လား။ အဲ့ဒီဝန်ကြီးရဲ့ ဓာတ်တွေများ ကူးစက်သွားလေမလားဟဲ့ရယ်လို့ ရင်တမမ ဖြစ်နေမိတာလည်း အမှန်ပဲဗျာ။ အဲ အဲ သမ္မတကိုယ်တိုင်ကလည်း ဆင်းရဲသားလယ်သမား သားသမီးဆိုတော့ ကိုယ်ချင်းစာစိတ်ကလေး တစ်ဆိတ်တစ်ဖဲ့တော့ ရှိဦးမှာပါ။ လယ်သမားတွေထမင်းတစ်နပ်တောင် မဝတဝစားနေရတာဆိုတော့ တစ်နပ်လျှော့စားခိုင်းမယ် မထင်ပါဘူး။

ကျုပ်တို့ သမ္မတကြီး ကချင်ပြည်နယ် တိုင်းခန်းလှည့်လည်ခြင်း မပြုနိုင်သေးတာတော့ စိတ်ထဲ၊ ရင်ထဲ မချင့် မရဲ ဖြစ်ရတာပေါ့ဗျာ။ ဟိုလွှတ်တော် ဥက္ကဋ္ဌကြီးဘယ်သူဆိုလားတောင် မမှတ်မိပါဘူး။ ကချင်ပြည်နယ်ကို ထွက်တော်မှူးကြီးနဲ့ လှည့်သွားပြီးပြီလေ။ ကျုပ်တို့ သမ္မတကြီး တဖူနာသွားတယ်မပြောနဲ့။ ဘာတဖူနာ ရမှာလဲ။ တစ်နေ့နေ့တော့ သမ္မတကြီးလည်း ကချင်ပြည်နယ် စစ်မြေပြင်တွေအရောက် ကြွချီတော်မူဦးမှာပေါ့ကွယ်။

သမ္မတကြီးက ဟိုလွန်လေပြီးသောအခါက စစ်အာဏာကောင်စီတွေရဲ့ အတွင်းရေးမှူးကြီး၊ စစ်စိုးရတွေရဲ့ဝန်ကြီးချုပ်ကြီး၊ စစ်အာဏာသား (ဟုတ်ပေါင်) အမျိုးသားညီလာခံကြီးရဲ့ ဥက္ကဋ္ဌကြီး စတာတွေအဖြစ် ဆောင်ရွက်ခဲ့သူမဟုတ်လား။ ဒီတော့ ကချင်စစ်မြေပြင်မှာ လေယာဉ်ဒုံးစာ၊ ဗုံးစာတွေမိပြီး ကျဆုံးရှာခဲ့ကြရတဲ့ ကချင်လက်နက်ကိုင် ရဲဘော်လေးတွေရဲ့ လက်ဝါးကပ်တိုင်လေးတွေမှာ အလေးပြုပြလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်ဗျာ။

ဒီရက်ပိုင်းအတွင်း ဗြိတိသျှဝန်ကြီးချုပ်တစ်ယောက် အိန္ဒိယရောက်နေတယ်။ လွန်ခဲ့တဲ့ နှစ်တရာလောက်က ဗြိတိသျှတွေလက်ချက်နဲ့ ကျဆုံးခဲ့ကြရတဲ့ ပန်ချာပီစစ်သားတွေရဲ့ သင်္ချိုင်းမှာပန်းခွေချ အလေးပြုခဲ့တယ်။ လွန်သမျှဝန်ချတယ်ရယ်တော့ မဟုတ်ပါဘူး။ ဒီလောက်ကလေး လုပ်ပြလိုက်တာနဲ့ အိန္ဒိယပြည်သူတွေ ဝမ်းသာလိုက်ကြတာ။

ကျုပ်တို့သမ္မတကြီးလည်း ဒီလို `လုပ်ပြ´လေးတွေ လုပ်တက်ပါတယ်။ အဲဒီလို အပြလေးလောက် လုပ်ပြလိုက်ရင် ကချင်လူထုကြီးကရော၊ တခြားတိုင်းရင်းသား ပြည်သူတွေကပါ ဝမ်းသာလိုက်ကြမယ့်ဖြစ်ချင်း။ ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးစုတစ်စုဆိုတော့ ဗမာတွေလည်း ဝမ်းသာကြမှာပေါ့ဗျာ။

မနေ့တစ်နေ့က သမ္မတကြီးလူတွေ ထိုင်းနိုင်ငံသွားလုပ်နေတဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို ဟာမျိုးတွေလည်းဇာတ်ပေါင်းခန်းမြန်မြန်ဝင်နိုင်မှာပေါ့ဗျာ။
အေးဗျာ။ ကျုပ်တို့ကတော့ မွေးကတည်းက ကြားလာခဲ့ကြရတဲ့ သေနတ်သံတွေ တိတ်သွားဖို့ စိတ်ကူးယဉ် ကြည့်နေမိတုန်းပေါ့လေ။ အဲဒီတုန်း ဘယ်နှယ့်များ ရှမ်းပြည်နယ်က သေနတ်သံတွေ ထွတ်လာရပြန်တာလဲဗျို့။ မဟုတ်သေးဘူး ထင်တယ်နော်။ ကြည့်လုပ်ကြပါဦး။

နောက်တစ်မီးက ငြိမ်းမယောင်ယောင် ထတဲ့လို့လောင်ပြန်သဗျ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ဘက်မှာတဲ့။ အိမ်ကိစ္စဆိုလား။ စာသင်ကျောင်းကိစ္စဆိုလား။ ဗလီကိစ္စဆိုလား။ သေချာမသိပါဘူး။ ပြဿနာဆိုတာ ဒီလိုပဲဗျ။ လောင်စာကြွင်းရှိသရွေ့တော့ တဗျင်းဗျင်း ထလောင်တတ်တာမျိုးကလား။ ဝိုင်းငြှိမ်းကြဦးစို့ရဲ့ပေါ့။

ဒါထက် စကားမစပ် ပြောရဦးမယ်။ ရခိုင်အရေးကိစ္စကကော ဘယ်စခန်းဆိုက်နေသလဲဗျ။ စုံစမ်းရေးကော်မရှင်က ဘာသံမကြား၊ ညာသံမကြား။ ငြိမ်လို့ပါလား။

လွှတ်တော်ထဲက ထွက်လာတဲ့ အသံကတော့ ရခိုင်ဒေသမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးတဲ့။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ရိုဟင်ဂျာရယ်လို့ ဖော်ပြတာမပါဘူးတဲ့။ မြန်မာအစိုးရတွေလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲတဲ့။

ပြည်ထဲရေးဌာနဒုတိယဝန်ကြီးကလွှတ်တော်မေးခွန်းကိုဖြေရင်း ပြောသွားသတဲ့။

အေးဗျာ။ သမ္မတကြီး ကျန်းမာပါစေ။ သူက အိတ်ခ်ျရောဂါသမားဆိုတော့ သူ့ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေလေ။ သူ့ရဲ့အိတ်ခ်ျရောဂါကဒေါ်ဖြူဖြူသင်း ကူရှင်းပေးစရာလိုတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ဟတ်ဒီစီဆိုလား နှလုံးရောဂါတဲ့ဗျား။

နေပြည်တော်မှာ အထူးကုသမားတော်ကြီးတွေ တစ်ပတ်နှစ်ကြိမ် နှလုံးရောဂါ စမ်းသပ်ကုသပေးနေသတဲ့။ တပ်ချုပ်ဟောင်းကြီးကို စမ်းပေးနေသတဲ့။ ဦးသိန်းစိန်လည်း တပ်ချုပ်ဟောင်းကြီးနဲ့ အပေါင်းအသင်းလုပ်နေလိုက်ရုံပါပဲ။ မျှောကု၊ ရောကု လုပ်နိုင်သပေါ့ဗျာ။ ကောင်းသွားမှာပါ။ ကောင်းသွားမှာပါ။

ကျုပ်ကတော့ဆုတောင်းရုံတောင်းတတ်တော့သဗျာ။

ကျုပ်လိုဟတ်သမားကြီးတွေ မာပါစေ။ ချာပါစေ။ သာပါစေပေါ့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၈)။။။

မြေကြီးကိစ္စ မေ့လျော့ ပေါ့ ဆ မလုပ်ကြနဲ့ ၊လှုပ်တတ်တယ် ပြိုတတ်တယ် မျိုတတ်တယ်။



ဒီကနေ့ ကျုပ်စိတ်ထဲမှာ အင်မတန်လေးလံဝန်ပိတဲ့ ကိစ္စကြီးတရပ် ရှိနေတယ်ဗျာ။ နှလုံးသားမှာ ကျောက်တုံးတွဲ ဆွဲထားသလိုပဲလို့တောင် ပြောရမလား မသိဘူး။

ပြီးခဲ့တဲ့အပတ်က ဒီလှိုင်းစာစောင်ရဲ့ အာဘော်ခန်းမှာ "မြေကြီးကိစ္စ" ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတယ်။ ကျုပ်ပြောချင်တဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုပဲဗျာ။ ကျုပ်ပြောချင်တဲ့ကိစ္စတွေက ပေါင်းလန်ဗြောင်းဆန်အောင် များပြားဆူဝေနေတယ်။ ဘယ်ကိစ္စကို ဘာက ကိုင်ပြောရမှန်း မသိတတ်အောင် ဖြစ်နေရတယ်။ ဒီလှိုင်းက အဲဒါတွေအားလုံးကို မြေကြီးကိစ္စလို့ တံဆိပ်ကပ်လိုက်တယ်ဗျို့။

ဟုတ်လိုက်တာဗျာ။ ကျုပ်ပြောချင်နေတာကလည်း တစ်ပြည်လုံးရဲ့မြေတွေ ယာတွေရဲ့ကိစ္စ၊ မြေတွေ ယာတွေပေါ်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ယာသမား၊ မြေလုပ်သားတွေရဲ့ ကိစ္စ၊ အဲဒီလုပ်သားထုကြီးရဲ့ ငွေကြေး အရင်းအနှီး မပြည့်စုံမှုကိစ္စ၊ ကြွေးမြီကိစ္စ၊ ချေးငွေကိစ္စ၊ စိုက်ထုတ်ရင်းနှီး သုံးစွဲနေရတဲ့ ပစ္စည်းကိရိယာ၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စရိတ်ငွေကြေးတွေရဲ့ ကိစ္စ၊ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းတွေရဲ့ ကိစ္စ။ အို . . . ပြောမဆုံးပေါင် တောသုံးထောင်ပါပဲဗျာ။ စားရင်းတို့ရင် အပင်းဆို့သလို မော မော မော ဆိုတဲ့ စကားအတိုင်းပဲပေါ့။

ဒီအထဲ စစ်တပ်တို့၊ အစိုးရဌာနတို့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းဆိုတဲ့ အာဏာကပ်ပါးတို့က မတော်မတရား နည်းမျိုးစုံနဲ့ သိမ်းယူအပိုင်စီးထားတဲ့ မြေယာဧက သိန်းပေါင်းများစွာရဲ့ ကိစ္စကလည်းပါသေး။ သီးနှံစိုက် လယ်ယာမြေတွေပေါ်မှာ စက်ရုံ အလုပ်ရုံ၊ အိုးမြေ အိမ်မြေ၊ တပ်မြေ စခန်းမြေ၊ သတ္တုတူး ကျော်ဖော်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြောမပြနိုင်လောက်အောင် မတရားကြီး သိမ်းထားတဲ့မြေတွေက အများကြီး အားကြီးရှိသေးသဗျ။ အဲဂလို သိမ်းထားတဲ့ မြေတွေ၊ ယာတွေထဲမှာ တိုင်းရင်းသား ဒေသတွေက လယ်ယာမြေစိုက်ခင်းတွေကလည်း ဧရာမ အများကြီး ပါဝင်နေသေးတယ်လို့ ဆိုသဗျ။

ထားပါတော့ဗျာ။ အဲဒီမြေကြီး ကိစ္စကြီးတွေက ဒီနေ့ ပူလောင်ဆူပွတ် ဂယက်ထလာနေပြီဗျ။

လက်ပံတောင်း ကြေးနီစီမံကိန်းဆိုတာ အားလုံးသိကြပါရဲ့။ မီးခဲကိစ္စကြီးလေဗျာ။ စစ်ကိုင်းတိုင်း၊ မုံရွာနယ်ထဲက မြေကြီးကိစ္စဗျ။ တရုတ်တရက်တွေ၊ ဗရုတ်ဗရက်လုပ်နေတဲ့ အရှုပ်အယှက်တွေလို့ သာမန်ကာလျှံကာ မထင်လိုက်နဲ့ဗျ။ အဲဒါလည်း မြေကြီးကိစ္စပဲဗျ။ သယံဇာတ တူးတယ်ဆိုတာ မြေကြီးကိစ္စပဲပေါ့ဗျာ။

အဲ . . . အဲ။ ပြောရဦးမယ်။ ကျုပ်ရင်လေးနေတယ်ဆိုတဲ့ကိစ္စက အဲဒီ မြေကြီးကိစ္စပဲဗျ။ မြေကြီးပေါ်မှာ လူတွေနေတယ်။ ကျုပ်တို့လို ကျောမွဲတိုင်းပြည်အဖို့က မြေကြီးပေါ်မှာပဲ လုပ်ကိုင်စားသောက်ကြရသပေါ့ဗျာ။ အဲဂလို လူတွေ မှီတင်းနေထိုင်ရာ မြေကြီး။ လူတွေ တူးဆွအသက်မွေးရာ မြေကြီး။ အဲဒီမြေကြီးတွေဟာ ပြဿနာတွေ ပေါက်ဖွားရာ၊ ပဋိပက္ခတွေ ပေါက်ကွဲရာ အရင်းခံ ဘူမိနက်သန်တွေ ဖြစ်လာမယ်ဆိုရင် တစ်ပြည်လုံး၊ တစ်မျိုးလုံး အခက်ကြုံ လာနိုင်ပြီလို့ ဆိုရပေမှာပေါ့ဗျာ။

ကမ္ဘာ့သမိုင်းကို ပြန်မျှော်ကြည့်မလား။ လတ်တလော အိမ်နီးချင်းနိုင်ငံ သတင်းတွေ ငဲ့စောင်းကြည့်မလား။ တိုင်းရေးပြည်ရာ ပြဿနာတွေဟာ မြေကြီးကနေ မီးစွဲတောက်လောင်လာတာဗျ။ ဘယ်လောက် အန္တရာယ်ကြီးနိုင်တယ်ဆိုတာ အလွယ်နဲ့ သိမြင်နိုင်ပါတယ်။

ဒီနေ့ ကျုပ်တို့တိုင်းပြည်မှာလည်း မြေကြီးတွေ ပူလောင် မြိုက်ကျွမ်းစပြုနေပြီလို့ ဆိုရမယ်ဗျ။

လက်ပံတောင်းလို သယံဇာတတူးဖော်ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ရန်ကုန်မြို့တော် အနီးအနား ဝန်းကျင်တစ်ဝိုက်က မြို့ပြနယ်မြေ တိုးချဲ့ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ပြည်နယ်ဒေသတွေမှာ စွမ်းအင်ထုတ်လုပ်မှုကိစ္စတွေဟာ မြေယာပြဿနာဖြစ်လာနေတယ်။

ဒီလို မြေကြီးကနေ မီးတောက်လာတဲ့ ကိစ္စတွေဟာ မထိန်းသိမ်းကြ၊ မဖြေရှင်းကြရင် ကြာလေလောင်လေ၊ လူ့ဘောင်မီးစွဲလေ ဖြစ်လာလိမ့်မယ်ဗျို့။

၂၀ ရာစုအတွင်းက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ မြေကိစ္စတွေက သမိုင်းသက်သေခံနေတယ်။ ၁၉၂၀ ပြည့် ကာလများအတွင်း မြေကြီးပြဿနာဟာ ဆရာစံတောင်သူလယ်သမားသူပုန်ကြီးကို မွေးဖွားပေးခဲ့တယ်။ ဂျပန်ခေတ် လယ်သမားတွေ လယ်မဆင်းနိုင်ဘူး။ မြေကြီးပြဿနာက ဖက်ဆစ် တော်လှန်ရေး လူထုအရေးတော်ပုံကြီးကို ဖန်တီးခဲ့တယ်။

အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ စတဲ့ တိုင်းရေးပြည်ရေးတာဝန်ရှိသူတွေဟာ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး မြေကြီးကိစ္စ ဖြေရှင်းရေးလေသံတွေ ပစ်လာခဲ့ကြတယ်။ ဘယ်လို ပြဿနာထုထည်ပမာဏတွေကို စမ်းသပ်ရှာဖွေတွေ့ရှိလေသလဲတော့ မပြောတတ်။ တိုင်းပြည်ရဲ့ မြေကြီးပြဿနာတွေက တက်ပြီးတက်ရင်း ခေါင်ညွန့်ကို နင်းနေကြပြီ။

ကျုပ်တို့ ပြောချင်တာကတော့ဗျာ။ စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေ၊ စီမံလျာထားချက်တွေ မဟုတ်ပါဘူး။ သဘောကိုပြောချင်တာပါ။ သဘာဝကို ပြချင်တာပါ။

မြေကြီးဆိုတာ လှုပ်တတ်သဗျ။ မနှစ်က စစ်ကိုင်းတိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြီး မှတ်မိရဲ့မဟုတ်လား။

မြေကြီးဆိုတာ ပြိုတတ်သဗျ။ တလောက တရုတ်ပြည်ဘက်မှာ ပေါ်ပေါက်ခဲ့တဲ့ မြေပြိုမှုကြီးတွေ မြင်မိမှာပေါ့။ ပျက်လိုက်တဲ့အိမ်တွေ၊ သေလိုက်တဲ့လူတွေ။ နည်းမှတ်လို့။

မြေကြီးဆိုတာ မျိုတတ်သဗျ။ ဘုရားလက်ထက် ဒေဝဒတ် မြေမျိုခန်းလို ဖြစ်ရပ်ကအစ ဒီနေ့ခေတ်ကမ္ဘာနဲ့ အဝန်း ကြက်သီးဖြန်းဖြန်းထစရာ ကြားနေကြရတဲ့ အိမ်တွေ၊ လူတွေ မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ မြေမျိုမှုတွေအထိပေါ့လေ။

ဒါ့ကြောင့် ကျုပ် အသည်းကြောင်ကြောင် ယောင်ကန်းကန်းဟစ်လိုက်ချင်တာကတော့ မြန်မာပြည်မှာ

မြေကြီးတွေ လှုပ်ခါနီးပြီဗျို့။
မြေကြီးတွေ ပြိုခါနီးပြီဗျို့။
မြေကြီးတွေ မျိုခါနီးပြီဗျို့။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊ အမှတ်(၁၇)။။။ (၆-၅-၁၃)

စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွါကြမယ် နွှာကြမယ်

.........................................................................

ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ်လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာတွေ တိုးလာသဗျာ။ ကိလေသာမကုန်သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင်ဖြစ်လာသေး။

ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။

ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါးအပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲအကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာလို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။

ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေကြော်တဲ့၊ လှော်တဲ့ လူ့ငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ အာဏာရှင်စစ်သူရဲတွေရဲ့ တရှဲရှဲဆီပူထိုး ချိုးကပ်တဲ့ညှော်နဲ့ဆိုးလားဟဲ့။

မဖြစ်ချေဘူးကွယ်ရို့။ ငရဲအိုးတွေချိုးမကပ်အောင်တော့ ခွာကြမှ တော်မယ်ကွယ်။ ငါကိုယ်တိုင် အဲ့ဒီငရဲအိုးတစ်မျိုးမျိုးထဲ ဆင်းရဦးမှာလားတောင် မသိတာ။ ဆီပူအိုးဆိုတာ ချိုးရှိရင်နောက်ထည့်ပစ္စည်း ချိုးကြီးကပ်ဖို့ နီးသဟဲ့။

ငါ ဆီပူလောင်ပြန်ဦးမှာလား။ ချိုးကြွပ်ကပ် ပြန်ဦးမှာလား။
ဒီလိုပဲပေါ့ဗျာ။ တွေးတောယုံမှားခြင်းတွေ ကျုပ်ကို ညှဉ်းဆဲနေသဗျ။ အေးအေးသတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။ အပူကင်းကြပါစေ။ ငရဲအိုးတွေချိုးမကပ်ကြပါစေနဲ့။ အမျှ အမျှ အမျှ။

ငရဲအိုးတွေကိစ္စ ပြောမယ့်သာပြောရတာ။ ကျုပ်တို့၊ ခင်ဗျားတို့ခေတ်မှာ စစ်အာဏာရှင်ငရဲအိုးတွေ အမျိုးအမျိုး ပေါ်ခဲ့တာဆိုတော့ ရိုးနေတဲ့ကိစ္စပဲပေါ့လေ။

အခု သမ္မတဦးသိန်းစိန် အစိုးရခမျာလည်း အဲဒီငရဲဆီပူအိုးတွေကို ချိုးခွာရမယ့် တာဝန်ကြီး ပိနေရှာတယ်။ သနားစရာပဲဗျာ။ သမ္မတကြီးလည်းချွေးတလုံးလုံးနဲ့ဗျာ။ စစ်အာဏာရှင်တွေကြော်ခဲ့၊ လှော်ခဲ့ကြတာဗျ။ အဲဒီတုန်းက ဗိုလ်သိန်းစိန်တစ်ယောက် မှူးကြီး-ချုပ်ကြီး ဗိုလ်ရာဝင်ပြီလား။ ရှေ့တန်းရောက်နေပြီလား၊ မသိပါဘူးဗျာ။ အဲ ဗိုလ်ချုပ်ကြီးတွေ လက်စွမ်းပြခဲ့ကြတဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဟန့်တားမှုတွေက နည်းမှတ်လို့။ အဲဒါတွေရဲ့ သင်္ကေတ ပြယုဂ်ဖြစ်တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ဆိုတာကလည်း များမှများ။ တစ်ပြည်လုံး ပလူပျံနေတာလေ။

လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်အတွင်း လူငယ်ကျောင်းသား၊ ရဟန်းရှင်လူအများကို ထောင်ငရဲအိုးတွေမှာ ကြော်ခဲ့၊ လှော်ခဲ့သဗျ။ စစ်ထောက်လှမ်းစခန်းတွေမှာလည်း ထိုနည်းလည်းကောင်း။ အဓမ္မအလုပ်စခန်းတွေမှာလည်းအလားတူစွာပေါ့။ မီးပြင်းတိုက်၊ ဆီပူထိုး၊ ချိုးကပ်အောင် ကြော်သပေါ့လေ။ အဲဒီမီးပြင်းတွေ၊ အဲဒီဆီပူတွေဆိုတာက ပြောခဲ့တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေပဲပေါ့ဗျာ။

တကယ်တမ်းပြောမယ်ဆိုရင် အာဏာရှင်ခေတ်ဆိုးရဲ့ ချိုးတွေက ကျုပ်တို့တစ်မျိုးလုံးကို ကပ်နေတာဗျ။ အဲဒါတွေကို ကျုပ်တို့ တစ်မျိုးလုံးပဲ ကုန်းရုန်းတွန်းတိုက် မိုက်မိုက်ကန်းကန်း ခွာကြရမှာဗျ။ ခြစ်ကြရမှာဗျ။ ချွတ်ကြရမှာဗျ။ ပွတ်ကြရမှာဗျ။ ဖဲ့ကြရမှာဗျ။

ဒီနေ့ ကျုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ခါးခါးသီးသီး တွေ့ကြုံခံစားနေကြရတဲ့ ရခိုင်ပြဿနာ၊ ကချင်စစ်ပွဲ၊ လက်ပံတောင်း သယံဇာတိကျိန်စာ၊ လယ်မြေအဓမ္မသိမ်း၊ စက်မှုကျွန်ခိုင်း၊ ပညာရေးဦးနှောက်ချောင်၊ ကျမ်းမာရေးလူညွန့်တုံး၊ အလုပ်သမား-လယ်သမား-လက်လုပ်လက်စား ဘဝပျက်၊ အရာရှိ-အရာခံ ဝန်ထမ်းလုပ်သား အကျင့်ပျက်၊ ပြည်သူတိုင်းရင်း ဆင်းရဲတွင်းနက်၊ စာနယ်ဇင်း အလင်းမဆောင်နိုင်၊ လွှတ်တော်ထဲက မရွေးအမတ်အသံ၊ အာဏာကပ်ပါး ခရိုနီတို့ရဲ့ခြေလှမ်း၊ အားလုံးပေါ့လေ။ စစ်အာဏာရှင်ခေတ်ဆိုးရဲ့ချိုးတွေဗျ။ ခွာကြဟေ့၊ ခွာကြ။

အဲ..... အဲ..... အညစ်ဆုံး၊ အမှောင်ဆုံး တဒယ်အိုးလုံးကို မီးသွေးတုံးကြီးလို စွဲကပ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ချိုးကြီးကိုလည်း ခွာကြရဦးမယ်ဗျ။

သမ္မတဦးသိန်းစိန် အစိုးရလည်းလက်ပိုက်ကြည့်မနေရှာပါဘူး။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်စရိုက်မကျင့်မိလေအောင် အလိုက်သင့်ကလေး စစ်အာဏာရှင်စနစ်ဆိုးချိုးတွေနွှာ၊ အိုးတွေခွာပေးနေတယ်ဗျာ။ ၁၉၈၈ ကတည်းကထုတ်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ အမိန့်ကြော်ငြာစာ ၂/၈၈ ကိုနှစ်အစိတ်ပြည့်လုတဲတဲလေးမှာ ရုပ်သိမ်းလိုက်တာကြည့်။

ကောင်းတယ်။ ကောင်းချီးပေးကြပါ။ သရီးချီးယား ဟစ်ဟစ်ဟူးရေးလို့ ဘိုလိုအော်ချင် အော်ကြပါ။

သမ္မတကြီးဟာ နှလုံးသမားဗျ။ ဟိုနှစ်လုံးသမား ပြောတာမဟုတ်ပါဘူး။ နှလုံးရောဂါသမားလို့ပြောတာပါ။ နှလုံးသမားဆိုတာ စိတ်မချရဘူး။ အဲဒီရောဂါမျိုးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဗျ။ တစ်နေ့နေ၊ တစ်နေ့ အဲ ..... အဲ .... သက်တော်ရာကျော်ရှည်ဆိုတာမျိုးဗျ။

ကျုပ်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို အာဖြဲဟစ်လိုက်ချင်စိတ် ပေါက်လာတယ်ဗျာ။ ကျုပ် သူငယ်ပြန်တာ မဟုတ်ပါဘူးနော်။ သူငယ်ပျော်တယ် ဆိုချင်ဆိုပါ။

ကိုင်း .... ကိုင်း ... ကျုပ်နဲ့အတူ အတင်းအာဖြဲ သီချင်းကဗျာ ဟဲကြစို့။

“နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် နှလုံးသမားကို တအားကူမယ် စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ် .... ” ကိုင်း ..... ငရဲပြည်ကို၊ ငရဲကျွတ်တို့၊ ငရဲလူထွက်တို့ ....။

..... သမ္မတ ထောက်ခံကဗျာတေးကို ကျကျနန နောက်တစ်ပြန် လျှာသွေးလိုက်ကြပါဦး။ ဝမ်း .... တူး ... သရီး ...

“ နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် .... .... .... စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ်”။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၅)

အကျန်အကြွေင်းတွေရဲ့  နားပန်ကျင်း မခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ်အကုန်သွင်းကြ။



ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

ကျေးဇူးရှင်တွေ ပေါတယ်များတယ် ဆပ်လို့ ရယ်ကုန်နိုင်ပါ့ မလားကွယ်



ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ.....မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့အပိုအလျှံ အိုဒဏ်ပေးလေတယ်မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေးခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ်တွေကို ဖတ်ပြီးမှ သေကြဟဲ့”လို့အမိန့်တော်မြတ်ချမှတ်တော်မူလေသလားမသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင်မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲတည့်ပြောနေရဦးမှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီးသားတော်-သမီးတော်တွေကို ရေပူ-ရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူး ရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင်ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေလေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော်သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာမဟုတ်ဘူးလေဗျာ။ သူတို့အလိုက်ကမ်းဆိုးသိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြရမှာလား။ တရုတ်ကိုယ်တော်ကြီးတွေကိုဆိုဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်း များက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက
စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင်ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလားရယ်လို့ ဗိုက်တပွတ် ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကိုတူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက်ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီအရေးတော်ပုံတပ်သားတွေရဲ့ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆)

ထိပ်ထားလမ်းလား သေနာလမ်းလား လမ်းကောင်းရွေးမှပြည်ရေးလှမယ်

ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာ့ဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်က ထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့ တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလားမသိပါဘူး။ အော်.........ဆင်းရဲ......ဆင်းရဲ။

ဒါနဲ့ကျုပ်စိတ်ထဲ လူ့ငရဲထောင်ဘဝကို ပြန်လည်တမ်းတ လွမ်းသမိသဗျာ။ ကောင်းတာရယ်လို့ ဘာမှမရှိတော့ မကောင်းတာ၊ ဆင်းရဲတာ၊ ငတ်တာ၊ ပြတ်တာ၊ နာတာ၊ ကျင်တာ၊ သေငယ်ဇော မျောတာတွေကိုပဲ လွမ်းသ တမ်းတရပေသပေါ့ဗျာ။

လယ်တီဆရာတော်ဘုရာကြီး ရေးဖွဲ့ဆုံးမတဲ့ ကဗျာတွေထဲကလို ငါတို့ “ အလကားတောမှာ ဗျာမောကျယ်” နေကြတာပါကလားလို့တွေးမိတယ်။ “ ခွင့်သာတုန်းမှာ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်ရှိသေးပေလိမ့်လား” ဆိုတဲ့စကားကိုလည်း အမှတ်ရမိတယ်။ ရုန်းကြရတော့မယ်ဗျို့။

လယ်တီဆရာတော်ဘုရားကြီးရဲ့ကဗျာတွေကို အမှတ်ရမိရာကနေ လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ လယ်တီ ဆရာတော်ရဲ့သာသနာ့ဗိမာန်တွေကို တရုတ်ဝမ်ပေါင်ဆိုလား ပေါင်ဝမ်ဆိုလားက အပြောင်နှံပစ်ဖို့လုပ်နေတယ်ဆိုတာ ကြားနေပြန်သဗျာ။ စိတ်မချမ်းသာဘူး။ ဗမာမောင်ပိုင်ဆိုလား၊ ဦးပိုင်ဆိုလားနဲ့ ပေါင်းဖြိုနေကြ ဆိုလားပဲ။

နေပါအုန်း၊ အဲ့ဒီမောင်ပိုင်က ဘယ်လိုလုပ် တရုတ်နဲ့ပေါင်းမိ၊ ချိတ်မိတာလဲ။

ဟာဗျာ....ဇာတ်လမ်းက အရှည်ကြီးဗျ။ ဗမာအစိုးရက တရုတ်အစိုးရနဲ့ ကြေးနီလုပ်ငန်းသဘောတူစာချုပ်ချုပ်သတဲ့။ တရုတ်အစိုးရ လက်သုံးတော်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဗမာအစိုးရလက်စွဲတော် ဦးပိုင်တို့ ပေါင်းပြီးမြေလှန်ကြတာတဲ့။ အဲ့ဒီမှာ လယ်တီ ဗိမာန်တွေပါ အပိုစွက်ပြီး အဖြိုအဖျက်ခံရတာလို့ မိတ်ဆွေတွေက ပြောကြတယ်။

မြေတွေလှန်၊ ယာတွေဖျက်၊ ရွာတွေပျက်၊ ရေတွေဆိုး၊ လေတွေလဲ သိုးကုန်သတဲ့။ ဒီတော့ ဒေသခံက ကန့်ကွက် ဆန္ဒပြကြသတဲ့။ စီမံကိန်းကြီးဖျက်သိမ်းဖို့ တောင်းဆိုသတဲ့။ ပါတ်ဝန်းကျင်က ပြည်သူတွေရော တစ်ပြည်လုံးက လူတွေရော၊ ကျောင်းသားတွေရော၊ ဘုန်းကြီးတွေရော ဝိုင်းကူလာကြသတဲ့။ သပိတ်စခန်းတွေဖွင့်ခဲ့ကြသတဲ့။ အစိုးရက သပိတ်စခန်းကို မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလားနဲ့ပစ်ပြီး အကြမ်းဖက် ဖြိုခွဲသတဲ့။

သမ္မတဦးသိန်းစိန်အစိုးရက လုပ်တာလား။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးတစ်ပါးကတော့ နေပြည်တော်က အမိန့်အရ လုပ်တာလို့ဆိုတာပဲ။

အင်းလေ....စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရဆိုကိုး။
ဒီလောက်တော့ စီးမှာ ကန်းမှာပေါ့ဗျာ။ နေပါအုန်း။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါနေဆို။

ပါတာပေါ့။ သူမပါလို့ဖြစ်မလားဗျာ။ တိုင်းပြည်ကြီး အမှိုက်ကစ ပြဿဒ်မီး လောင်တော့မယ့်ကိစ္စ။ သူက နိုင်ငံရေး မီးသတ်သမားပဲဟာ။

အစိုးရက သူ့ကိုအသုံးချတာပေါ့။ ဒေါ်စုစကားရှိတယ်လေ။ တိုင်းပြည်ကောင်းဖို့ကိစ္စမှာ သူ့ကိုအသုံးချရင်လဲခံမယ်တဲ့။ အဲ့ဒါပဲဗျ။ ထိပ်ထားလမ်းကြောင်းဆိုတာ။ ပြောပါအုန်း။ ဒီလိုဗျ။ ၁၉၉၃-၉၄ လောက်မှာ ကျုပ်အမေရိကန်သတင်းမဂ္ဂဇင်း Time တစ်စောင်ဖတ်ရတယ်။ ထောင်ထဲမှာ။ မဂ္ဂဇင်း မျက်နှာဖုံးက ဒေါ်စုရဲ့ပုံ မျက်နှာအပြည့်။ ဒေါ်စုပုံအောက်မှာ အဲဒီတုန်းက စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်(ထောက်လှန်းရေးထိပ်သီး) ရဲ့ပုံ။ ခေါင်းစီးက The Lady and The General တဲ့။ ကျုပ်က ဆောင်းပါးကိုဘာသာပြန်၊ ပလပ်စတစ်ပေါ်မှာ သံချွန်နဲ့ရေး၊ ထောင်ထဲက ရဲဘော်တွေဆီဖြန့်။ ဘာသာပြန် ခေါင်းစီကို “ ထိပ်ထားနဲ့သေနာ” လို့တပ်လိုက်တယ်။ (သေနာဆိုတာ သေနာပတိကြီး ဗိုလ်ချုပ်မှူးကြီးလို့ ဆိုလိုတာပါ။ ထိပ်ထားရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီစနစ်။ သေနာရဲ့ နိုင်ငံရေးဟာ အာဏာရှင်စနစ်။ ထိပ်ထားရဲ့ နိုင်ငံရေး လုပ်ဟန်က ညှိနှိုင်း ဖြေရှင်းခြင်း။ သေနာရဲ့ နိုင်ငံရေးလုပ်ဟန်က အမိန့်အာဏာ။ (စည်းကမ်းလို့ တံဆိပ်ကပ်တယ်)။

ဒီနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ၊ လိပ်ခဲတည်းလဉ်းတွေ၊ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်တွေ၊ ရန်-ငါတွေ၊ သူမသာကိုယ်ဈာပနတွေ။ ဒါတွေအားလုံးရဲ့ ဇစ်ဖြစ်က ဘာလဲ။

ချုပ်ပြောရင် ရှင်းတယ်ဗျ။ ဒီနေ့ ကျုပ်တို့ ဘယ်လမ်းလိုက်မလဲ။ ထိပ်ထားလမ်းလား။ သေနာလမ်းလား။ တစ်လမ်းလှမ်းရင် တစ်လမ်းခွာရမယ်ဗျ။ ဒီမိုကရေစီလမ်းလား။ အာဏာရှင်လမ်းလား။ အမိန့်အာဏာလမ်းလား၊ ညှိနှိုင်း ဖြေရှင်းလမ်းလား။ ရွေးကြပေတော့။

ဒီမိုကရေစီထိပ်ထားလမ်းသစ်လမ်းကောင်း ရှေ့မှာရှိတယ်။ အာဏာရှင်သေနာလမ်း ဟောင်းလမ်းဆိုးလဲ ရှေ့မှာပဲရှိသေးတယ်။

ထိပ်ထားလမ်းရွေးကြရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီး ကို ပြင်ရမယ် ဗျ။ ပြောင်းရမယ်ဗျ။ ဖြုတ်ရမယ်ဗျ။ ဖျက်ရမယ်ဗျ။ ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၇)

Tuesday, 28 May 2013

စေတနာရှင် ဒေါ်ဖြူဖြူသင်း ( Forever Friends မှကူးယူဖေါ်ပြပါသည်)

ဆရာတော်လေးစားရတဲ့ အမျိုးသမီး တစ်ဦး*


*ဆရာတော်လေးစားရတဲ့ အမျိုးသမီး တစ်ဦး* ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။<br /
သူကတော့ ဒီမိုကရေစီအဖွဲ့ ချုပ်က လွှတ်တော်အမတ် အဖြစ် အရွေးခံခဲ့ ရတဲ့ ဒေါ်ဖြူဖြူသင်း ပါ။သို့ သော် ဒီလို ဘဝရောက်အောင်နှစ်ပေါင်းများ စွာ သူ့ ဘဝကြီး တစ်ခုလုံးကို ပေးဆပ် စတေးခဲ့ရတာပါ။ထောင်အကျခံခဲ့ရတယ်။(အင်းစိန်အကျဉ်းထောင်ထဲမှာပါ။)မိန်းကလေးတစ်ယောက် ထောင်ထဲမှာ အဝတ်အစားလည်း တစ်စုံတည်း။အပို ယူခွင့်မပေးဘူး။အိပ်ရင်လည်း
သံမန်တလင်း ပေါ်မှာ အိပ်ရတယ်။တစ်နေကုန် စစ်နေတာပါ။ရေချိုးချင်ရင်လည်း(၅)မိနစ်ဘဲ့ အချိန်ရတယ်။ရေချိုးလို့ ရှိရင် သူ့ ခမျာ အဝတ်အစား အပို ကလည်းမရှိဘူး။အင်္ကျီလျှော်ချင်တယ် ဆိုရင် တော်တော် ဒုက္ခရောက်ခဲ့တာ။ထမိန်ရင်စည်းပြီး နေရတာ။ဒါတွေ လူတွေမသိဘူး။လွှတ်တော် အမတ်ဖြစ်မှသာ ဒေါ်ဖြူဖြူသင်း လို့ သိကြတာ
(လူတွေကိုကယ်ချင်လို့ ထောင်ထဲမှာ ခံခဲ့ ရတာပါ။)

(၂၀၀၂)ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဝါဒ ပေးချက်အရ (HIV) ရောဂါသည်တွေကို စောင့်ရှောက်နည်း သင်တန်းတက်ပြီးတော့ သူမဟာ လူနာ တွေကို ကယ်တင်ဖို့ စိတ်ဖြစ်သွားတာပါ။

ဒေါ်ဖြူဖြူသင်းက ငယ်ငယ်ကတည်းက လှူရတာ ဝါသနာပါ တယ်။အထက်တန်းကျောင်းသူ ဘဝကတည်းက သူ့  အဖေရော ညီမလေးပါ နေမကောင်းဖြစ်၊ ဆေးရုံတက်နေရပြီး အိမ်မှာ
ငွေကြေး အခက်အခဲ ဖြစ်နေတဲ့အချိန်မှာတောင် သူ့  သူငယ်ချင်းမလေး တစ်ယောက်က အကူညီလာတောင်းပါတယ်။အိမ်ဌားကလည် စေ့နေပြီး စပေါ်တင်စရာငွေလည်း မရှိတော့ မနက်ဖြန် အိမ်ပေါ်ကဆင်း ပေးရတော့မယ်လို့  လာပြောတော့ သနားပြီး သူ့ နားကပ်ချွတ်ပြီးတော့ ကူညီခဲ့ပါတယ်။ အဲဒါ ငယ်ငယ်ကတည်းက ဖြူစင်တာလို့  ခေါ်တယ်။ အဲဒါနှလုံးဖြူအူစင်းတဲ့ သူတော်ကောင်းအစစ်လို့  ခေါ်တယ်။အဲဒါ သူများကို ကူညီထောက်ပံ့ချင် ပြီး သူ့  ဟာသူ ဖြူစင်နေတာပါ။

အရင်က HIV ဆေးကို ရန်ကုန် မှာဘဲ့ပေးတာပါ။နယ်တွေ
မှာ မပေးဘူး။အဲဒီတော့ ရန်ကုန်ကို လူနာတွေ တက်လာ
တဲ့ အချိန်မှာ နေစရာ၊စားစရာမရှိတော့ ဒေါ်ဖြူဖြူသင်းက
သူ့ တို့ အိမ်မှာလူနာတွေကိုထား၊ ပြည့်သွားရင် မြောက်ဒဂုံက သူ့ အဖေပိုင်တဲ့ အိမ်မှာထား၊ ပြည့်သွားရင် သာကေတမှာ အိမ်ဌါး ထားပြီးတော့ လူနာ အယောက်(၃၀၀)ကျော်တို့ ရဲ့ နေရေး စားရေး၊ဆေးရဖို့  အရေးတို့ တာဝန်ယူရတဲ့ အပြင်သေလို့  ရှိရင်လည်း သဂြိုလ်ပေးရ သေးတယ်။ရက်လည်ဆွမ်းပါ
ကပ်ပေးရတယ်။အကုန်တာဝန်ယူလုပ်ပေးရှာတာပါ။
အဲလိုလုပ်ပေးတာတောင် သူ့ ကို ကူညီမဲ့သူမရှိဘူး ၊နှောက်ယှက်မဲ့သူဘဲ့ရှိတယ်။အဲဒီ အချိန်တုန်းက သူလည်း ဒီမိုကရေစီအဖွဲ့ ချုပ်မှာပါတော့ လက်ရှိအာဏာပိုင်တွေရဲ့ နှောက်ယှက်မှု အမျိုးမျိုး ခံခဲ့ရပါတယ်။"(သူသာ ဒီလိုလုပ်လို့ ပြည်သူတွေ ကြည်ညိုသွားလို့ ရှိရင် ငါတို့  ကို မကြည်ညိုဘဲ့ နေလိမ့်မယ် )"အဲဒီစိတ်မျိုးနှင့် လိုက်ဖမ်းတဲ့အခါလည်း ဖမ်းတယ်။တစ်ခါတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ဖို့  ဘုရားမှာ ဆုတောင်းတာ လိုက်ဖမ်းလို့ ထွက်ပြေးရတယ်။အိမ်ပြန်လာမရဲတော့ ဒီအချိန်ဆို လူနာတွေ ထမင်းကျွေးကြ ဆေးသောက်ကြ ဖုံးနှင့်ဘဲ့ ညွှန်ကြားနေရတယ်။အဲဒီအချိန်မှာ သူ့ အဖေက
အသည်းအသန်ဖြစ်ပြီး ဆေးရုံတင်ရတော့ ဒေါ်ဖြူဖြူသင်း
ကသူ့ ကို ဖမ်းရင်လည်းဖမ်းပါစေ အဖေရဲ့ နောက်ဆုံး အချိန်ကိုလာချင်ပေမဲ့ သူထောင်ကျရင် သူ့ ကို မှီခိုနေတဲ့
HIV အယောက်(၃၀၀)ကို ဘယ်သူ ကူညီမှာလဲ တွေးကာ
သူလာချင်ပေမဲ့ အနစ်နာခံခဲ့ပါတယ်။အဖေက သေခါနီးတဲ့အချိန် ကံဆိုးချင်တော့ သူ့ အဖေကို ပြုစုဖို့  ဌားလိုက်တဲ့ နာစ့်မ နံမည်ကလည်း ဖြူဖြူသင်း ဖြစ်နေပါတယ်။နံမည်ချင်း သွားတူနေပါတယ်။အဲဒီမှာတင် ထောက်လှမ်းရေးက တစ်ခါတည်း ဖြူဖြူသင်းဆေးရုံရောက်နေပြီဟု လူမှားပြီး
နာစ်မကို လူမှားပြီးဖမ်းပါတယ်။ဆွဲလား ရမ်းလားလုပ် အော်ကြဟစ်ကြ ဖြစ်နေတော့ တကယ်တမ်း လူမှားပြီးဖမ်းတာပါ။ အိပ်ရာထဲမှာ လှဲနေတဲ့ သူ့ အဖေဟာ
ဖြူဖြူသင်းကို ဖမ်းပြီလည်း ကြားရော သူ့ သမီး အဖမ်း
ခံရပြီ အထင်ဖြင့် ရှောစ့်ဖြစ်ပြီးတော့ အိပ်ရာထဲမှာ သေရှာ
ပါတယ်။ကြည့်စမ်း သူ့ ရဲ့ လူနာတွေအတွက် သူ့ အဖေ
အသက်တောင်သူ မမှီလိုက်ရှာဘူး။
(ကဲ ပရိတ်သတ်များတို့  အဲဒီလို အနစ်နာခံတဲ့ အလုပ်ကို
လူတိုင်း လုပ်နိုင်ပါ့မလား...)
*(ယနေ့ ခေတ်က မိမိလည်း အနစ်နာမခံဘူး အနစ်နာခံတဲ့ ပုဂ္ဂိုလ်ကိုလည်း လေးစားကြည်ညို ရကောင်းမှန်းမသိကြဘူး)* ဒါပေမဲ့ သူ့ အဖေ အသက် အသေခံပြီးတော့ အနစ်နာခံခဲ့ ဒေါ်ဖြူဖြူသင်းကို ကူညီမဲ့သူ သိမ့်မရှိဘူး။ကြောက်တာလည်း ပါတာပေါ့လေ။သူက အတိုက်အခံ ပါတီလို ဖြစ်နေတာကိုး။အဲဒီတော့ မကူညီတဲ့ အပြင်
ဝိုင်းနှောက်ယှက်ကြတယ်။ အဲဒီအချိန်မှာ အာဏာပိုင်တွေရဲ့ မြောက်ပင့်ပေးမှုကြောင့် ရောဂါသည်တွေနေတဲ့အိမ်ကို ရပ်ကွက်ထဲကလူတွေက အဲဒါ အယုတ်တမာကောင်တွေ၊ လူမှုရေး ဖောက်ပြန် ကြလို့ ဒီရောဂါဆိုးကြီးရတာ။ရပ်ကွက်ထဲ
အနေမခံကြနှင့် ဝိုင်းဆဲကြပါတယ်။သည်းခံရတာဘဲ့။
နောက်ဆုံး ခဲနှင့်ဝိုင်းထုကြတော့ သူတို့ မှာ လူနာတွေခေါ်ပြီးထွက်ပြေးရ တာပါဘဲ့။တခြားအိမ်ပြောင်း ပြေး နဲ့ လေးငါးခြောက် အိမ်လောက် ပြောင်းပြေး ခဲ့ရရှာတယ်။ကိုယ်လုပ်တဲ့ အလုပ်ကို ကူညီမဲ့သူ မရှိဘဲ (၁၀)နှစ်စလုံး အနှောက်ယှက်ခံခဲ့ရတာတောင် လူနာ
တွေနှင့် သူ့ အလုပ်ကို မစွန့် လွှတ်တာ နဲနဲနှောနှော မေတ္တာ မဟုတ်ပါဘူး။ဒါကြောင့် မြန်မာပြည်မှာ ရှိတဲ့ အမျိုးသမီး အားလုံးကို ဆရာတော်က အတုယူ စေချင်ပါတယ်။ အဲဒါဘုရားလောင်းတို့ရဲ့ စိတ်ဓာတ်ဘဲ့။ အများအကျိုး သူလုပ်ခဲ့ တာတွေလေ။

တစ်နေ့ တော့ ရောဂါသည်အမျိုးသားလူနာတစ်ယောက် ကို သူ့  မိသားစုကလည်းမကုဘဲ ပစ်ထားပြီး အခန်းတံခါး ပါ ပိတ်ထားလိုက်ကြတယ်။ လူနာက မထနိုင်ဘူး။မစင်အညစ်အကြေးတွေကို လုံချည်အထဲပါချပေါ့။ဒီအတိုင်း ပစ်ထားတဲ့ လူနာကို ဒေါ်ဖြူဖြူသင်းတို့  က လာကြည့်ပေး ရတယ်။အခန်းတံခါးဖွင့်လိုက်တော့ အပုပ်နံတွေရော ၊မစင်အညစ် အကြေးအနံတွေရော ထောင်းထောင်းထနေတဲ့ လူနာကို
သူငယ်ချင်းအရင်း ခေါက်ခေါက်တောင် အခန်းအထဲမဝင်ဘဲ့ ရွံ့နေတယ် ပျို့ နေတယ်တဲ့။
ဒေါ်ဖြူဖြူသင်းတို့ က ဒီအနံ့ တွေကို ပဓာန မထားမရွံမရှာဘဲ လူနာကို အားပေးစကား
တွေပြော ၊အင်္ကျီတွေလဲပေး ရေပတ်တိုက်၊အဝတ်တွေ
လျှော် နေပူလှန်း မီးပူတိုက် ပြီးတော့ မျက်နှာသုတ်ပုဝါ
တွေကို ရေစွတ်ပြီးတော့ ချီးပေနေတဲ့ အခန်းကို သုတ်၊
ကြည့်စမ်း ဆွေမတော်မျိုးမစပ် အမျိုးသမီးအပျိုလေးတွေ
လုပ်ပေးနေကြတာ။သန့် ရှင်းသွားတဲ့ အခါကျတော့မှ အားပေးစကားတွေပြော ဆေးတွေတိုက် ပြုစုရှာတာ။
အဲဒီချိန်က ဒေါ်ဖြူဖြူသင်းကအပျိုအရွယ် အသက်(၃၀)ဘဲ့ ရှိသေးတယ်။ခုတော့(၄၂)နှစ် အိမ်ထောင်မပြုရှာပါဘူး။တစ်ဘဝလုံး ပရဟိတကို ပေးဆပ်ထားတာပါ။

အဲဒီတော့ ဒေါ်ဖြူဖြူသင်းဟာ သူများအပူကို ကိုယ့် အပူလုပ်ခဲ့တဲ့ တကယ့် သူတော်ကောင်းပါ။ဘုရားရှင်
ကိုယ်တိုင်ပြု လုပ်ခဲ့တဲ့ အရာဖြစ်ပါတယ်။ကဲ ဒကာ၊ ဒကာမ များအားလုံး အရင်ဘဝအဆက်ဆက် က သူများအပူကို ကိုယ့်အပူ မလုပ်ခဲ့ဘဲ ကိုယ်ကျိုးနှင့်တင် ဘဝတွေဆုံးခဲ့ ရလို့ နိဗ္ဗာန်နှင့် ဝေးခဲ့တာပါ။ဒီဘဝမှာတော့ ဘာမျှော်လင့်ချက်မှ မထားဘဲနှင့် သူတစ်ပါး အပူကို ကိုယ့်အပူလုပ် ပြီးတော့ လောကကောင်းကျိုးများ သယ်ပိုးနိုင်တဲ့ ပညာရှိ သူတော်ကောင်း များ မုချမသွေ ဖြစ်ပါစေ သတည်း။

ပရ ဟိတ ဒကာလေး
April Maung Maung

Lanka





The Buddhist world must rally around Burma (Myanmar)
Posted on May 6th, 2013

Shenali Waduge

 The roots of the world's troubles lead to Britain
Colonial apologists are unlikely to agree but in looking deeper to understand the dynamics that continue to rip continents, regions and nations apart, it is the policies adopted by the British in all of the nations they conquered and ruled that are to be blamed. Myanmar is no exception. Its land was demarcated to the advantage of the British, it flooded Burma with foreign labor giving rise to the question of citizenship and controversy surrounds deaths of Burma's leader Gen. Aung Sun (father of Aun Sui ki) as in the case of Congo's martyr Patrice Lumumba and UN chief Dag Hammerskjold and probably many more foreign leaders. Now using media at its disposal and organizations that work to uphold the interest of the West, the entire agenda revolves round in blaming nations for the troubles the British created and the demands to re-enter these countries to create the second-phase of troubles. In all cases since Britain has escaped accountability for its crimes against humanity an International Truth Commission must be established to bring to light these sordid truths.
Scenario faced by Third World
The ancient bastions are falling, countries are being broken up or separated, people are coerced into treating friends as foes and arms are generously supplied to ensure a handful profit, cultures and ancient religions are being dehumanized all in pursuit of the re-entry of those that inflicted barbaric rule under colonial presence. The neo-colonials are returning to haunt the nations they plundered – Burma is the next stop and Buddhists of the world cannot remain silent to Burma's plight. The Buddhist world must rally round Burma unequivocally.
Burma's history goes back to the 2nd century B.C. with the earliest inhabitants – the Pyu who were all followers of Buddhism. The Burmese resisted efforts by British, Dutch and Portuguese traders to establish posts along the Bay of Bengal since 1612 resulting in 3 Anglo-Burmese wars first of which was in 1824.
Burma was annexed to India in 1886 creating a separate colony in 1937 with the Burma Act. In separating India from Burma the British did as they have done in all of its other territories – creating administrative boundaries that would "create" future troubles.
Burma's case was no different.
Thus the Chin, Kachins and Naga tribes were divided between the two nations of India and Burma (Chin Hills Regulation). This was made clear when in 1941, Sir Robert Reid declared "they (the Chin, Kachin and Naga) are not Indian in any sense of the word, neither in origin nor in outlook, and it is a historical accident that they have been taken into an Indian province". Nevertheless, dividing of these people has created political tensions between Indian and Burmese Governments. Even at Independence the British did not define India's and Burma's boundary and the 872mile boundary was only marked on 10 March 1967.
Then there is the 220km dividing Burma and Bangladesh. The Chittagong Hill Tracts (hereafter CHT), an area of 13,295 square kilometers, is the south eastern part of Bangladesh, bordering the Arakan and Chin States of Burma, and Tripura and Mizoram States of India – originally this was no so. The British annexed the CHT area in 1860 and created an autonomous administrative district known as "The Chittagong Hill Tracts" within the undivided British Bengal. British enacted the Regulation 1 of the 1900 Act in order to protect the Jumma people from economic exploitation of non indigenous people. The majority of Jummas in the CHT are Buddhists. When the independent state of Bangladesh was created in 1971 the Mukti Bahini (Bangladesh liberation) force began to attack the Jummas. In the late 1970s President Zia sponsored migration of Muslim Bangladeshi settlers into the CHT. This programme was not made public but sponsored migration is now acknowledged resulting in Bangladeshi Muslims making up 1/3 of the CHT population.
Al-Rabita, a Saudi government funded NGO, is the main Islamic missionary organisation rooted in Wahhbism which is active in the region, backed by the military, it is entrusted with the Islamisation of the region. In 1986, within a period of eight months 54 Buddhist temples have been destroyed and 22 Hindu temples were burnt down by the Bangladesh military. Since 1980s through 1990s there have been 13 major massacres all targeting Jummas. That is because the Chittagong Hill Tracts were once under Burma's topography until Britain decided to change that to its advantage under calculated annexations. Fears have foundations.
Similar historical "accidents" created by the British are many.
It was the British that brought Muslims as labor from India (Bangladesh) to Burma and it was on this ground that the Burmese deny citizenship to Rohingyas who cannot show ancestry before 1823 as there were no reference to Rohingyas in the census. The Rohingyas are linguistically related to the Indo-Aryan peoples of India and Bangladesh (as opposed to the mainly Sino-Tibetan languages of Burma).
Moreover, the term Rohingyas cannot be found in any historical source in any language before the 1950s. The 500,000 Muslims in Burma in 1921 more than half were Indian Muslims. The Indian incursions to Burma were all encouraged by Britain with the purpose intent of creating discord. Riots did result in 1930 because British firms were employing Indians in Burma. Then in 1938 still under British rule was the anti-Muslim riots because of the favoritism which led to a campaign called Burma for Burmese Only. Now the argument is – if the British brought these Rohingyas into Burma to create dissent it is Britain that must provide citizenship to all these Rohingyas in Britain for making their life hell as well as for Burma too. It is time Britain owned up to all its dirty tricks through centuries of manipulations. Why do the mainstream media and international human rights organizations refrain from making these realities known?
A hallmark of British rule throughout its colonies was selective economic prosperity that has inculcated a breed of colonial servants ever ready to function as sepoys (servants of a foreign occupier working against indigenous people). There are many citizens of post-independent colonies particularly in the Indian sub – continent who mentally prefer to live under white rule still and explains why they are directly and indirectly involved in destabilizing operations promoted and funded by the West, and publicly advocate re- colonization efforts by the latter.
It comes as no surprise that both Western nations and USA based Christian evangelical  organizations continue to supply funds and arms to various ethnic groups e.g. Karen tribes and Middle Eastern oil rich nations e.g. Saudi Arabia, support Rohingya Muslims in Arakan State in a variety of ways making these nations virtually ungovernable. Just like how CIA funds the American Society for a Free Asia that gives arms, military training, financial assistance and even air support to Tibet dissidents and training in the US. Can we blame China's caution when declassified US documents reveal that millions of US public funds have been given to Dalai Lama personally through the National Endowment for Democracy (NED). Similarly, Burma's opposition is supported through the US embassy in Yangon and assistance given through the Centre for Applied Non-Violence Action and Strategies that prides itself in overthrowing popular independent governments of non – aligned states.
Burma can pride itself as the only nation that refused to be subservient and servile to its colonial master when it refused to become a member of the British Commonwealth in 1947 as well as refuse economic handouts by World Bank – the response to this was to use the international media to subject Burma to a dirty game of denigration, shaming and demonizing the country's leaders and depicting nothing but brutality and the marketing of the slogan "democracy" – we saw the democracy that the West gave Iraq, Libya, Kosovo and Egypt! The angst against Aung San Suu Kyi is her proximity and close relations with the British and other former colonial countries, including USA, and her image as an embodiment of unashamed subservience to foreign corporate commands when Burma has been battling to be the master of its own country. When President Obama made his first overseas trip to Burma and called Aung San Suu Kyi his "personal hero" there is little left for others to imagine where Burma will head and in which direction, and it is unlikely to be any different to India under Sonia Gandhi, the uncrowned (Italian born) empress of India.
It is amidst these controversies that speculation has been raised by the BBC investigation itself as to the complicity of Britain in the murder of Gen. Aung San, father of Aung San Suu Kyi in view of the close links between the convicted assassins, the chief Conspirator U Saw (leading Burmese politician and protégé of British colonial authorities), and British officials who engineered a raid on the Burmese Army Ordnance Depot in Rangoon, and then handed over the weapons stolen i.e. Sten Guns and ammunition, to the would be assassins. This has been established by research conducted by BBC on declassified information released by the British Government.  How many other conspiracy theories are there involving the West in the deaths of Third World leaders – this means the killers are still at large or have died without being held to account for their crimes and an International Tribunal on Truth and Justice must be established to unearth the evidence and reveal the truth.
http://www.youtube.com/playlist?list=PLA808B2DDEBBCFEE7
It is distressing to note of the role of the international news media i.e. Western news agencies and press, and their unabashed agents in the local media scene, being engaged in deliberate distortion, fabrication and slanting  of news stories and incidents taking place in third world countries with a view to advancing the interests of Western imperial agendas. This gives a totally wrong picture to the readers and creates further tensions amongst communities.
Not many people are actually aware that Rohingyas are originally from Bangladesh and it is the Bangladeshi Government that must take responsibility of them. However, the manner in which the British purposely carried Muslim labor into Burma to change the demographics of the country requires that Britain take sole responsibility. If Rohingyas are unhappy in Burma in view of the Burmese not wishing to accept them as indigenous people, then it is up to the British Government to admit their wrongs, apologise to the Burmese Govt. and people, and then offer Rohingiyas scope for immigration to the UK.
Far above all these remedies what is long overdue is the need for an International Truth Commission that would bring to light all of the dirty tricks and calculated manipulations committed in British colonies by the British East India Company and later by the British Colonial authorities and to finally award redress and compensation including an apology for the atrocities that resulted and continue to take place as a result.
In the current context, Sri Lanka as a fellow Theravada Buddhist nation needs to stand by Burma together hand in hand in its hour of need and must give leadership to rally all other Buddhist nations and Buddhist communities to offer their support for a nation that is soon targeted for either regime change or balkanization in view of Burma's border links to China. The collapse of Buddhist Burma may trigger a domino effect in what is left of the remaining Buddhist nations in Asia.
In times of trouble not long ago, Sri Lanka was in need of friends and we knew the difficulties that friends had to come to our aid – we should not cower any longer.


5 Responses to "The Buddhist world must rally around Burma (Myanmar)"

  1. Lorenzo Says:
    May 6th, 2013 at 4:07 pm Absolutely! SL and Burma MUST stick together.
    There are total BS lies spread by western media that Buddhists attack Muslims in Burma. This is similar to total BS lies about BBS attacking Muslims in SL!! These LIES are created by US-Wahab AXIS of evil.
    NO MATTER WHAT BURMA does to protect its Buddhist identity, SL MUST support it. However, in 2009 Burma govt. atatcked monks which should be CONDEMNED.
  2. hela patriot Says:
    May 6th, 2013 at 4:37 pm The Buddhists not only in burma but the whole of Asia must unite. There is a muslim problem in Sri Lanka, burma,,bdesh. thailand etc all instigated and funded from the middle east.
  3. Senevirath Says:
    May 6th, 2013 at 5:08 pm Tamil nadu sent their tamil people to sri lanka . Bangladesh sent their muslims to Burma
    Both countries are trying to save buddhist culture from enemies
  4. Sunil Vijayapala Says:
    May 6th, 2013 at 9:14 pm I cannot see why so called Buddhist countries, sri lanka, burma, thailand, cambodia, laos, japan, china, korea cannot come together and form an alliance military wise. this will be a formidable one. the lacking thing is to find a leader in any one of these countries who can pursue this. funny thing is every country is still influenced by the anglo saxon ungulate, who controls the united nations, whether we expect this fact or not, its true. this bastard still call the cards and see that these alliances do not materialize.
  5. Fran Diaz Says:
    May 7th, 2013 at 6:02 am One wonders whether the now subtle British 'Divide & Rule' continues, although somewhat diluted, via the Commonwealth ? Take Canada's NDP stance on Sri Lanka re the CHOGM in Colombo.
    Sri Lanka, India & USA were all held as colonies by the British. A once reluctant USA was forced to enter WW I by the British via extra explosions on board the British ship 'Lucetania" filled with American millionaires when the ship was fired upon by Germans in Ireland. This luxury ship sank in a mere 8-14 minutes or so, killing most on board ! And that was how America entered WW I. Never underestimate the British for strategy !
    Once more the British are entering Sri Lanka as invitees of the Lanka Govt. for the Commonwealth meeting. I suppose we cannot stay 'on guard' forever and forge genuine friendship with past colonists. But what kind of future friends will the British prove to be for us of Lanka ?
    We find it curious that it is the BBC that is unearthing what happened to Aung San's father ….. One hopes these are signs of genuine British regret of past actions (?) Or it may be that Britain wants a cleared deck to land in Burma.
    I am eternally grateful to the British for the English language, excellent Administrative methods, and Marmite ! And Lankans ought to know that they are dealing with the best strategist on earth for geopolitics.

Leave a Reply

You must be logged in to post a comment.


Disclaimer: The comments contained within this website are personal reflection only and do not necessarily reflect the views of the LankaWeb. LankaWeb.com offers the contents of this website without charge, but does not necessarily endorse the views and opinions expressed within. Neither the LankaWeb nor the individual authors of any material on this Web site accept responsibility for any loss or damage, however caused (including through negligence), which you may directly or indirectly suffer arising out of your use of or reliance on information contained on or accessed through this Web site. All views and opinions presented in this article are solely those of the surfer and do not necessarily represent those of LankaWeb.com.

This entry was posted on Monday, May 6th, 2013. You can follow any responses to this entry through the RSS 2.0 feed. You can skip to the end and leave a response.





--
http://www.burmaburo.blogspot.com

ဖတ်သင့်တဲ့ ဆောင်းပါးလေးပါ။


ဘာသာ ၂ခု ၊ လူမျိုး ၂ ခု ရဲ့ ကြားက ကွာဟချက်တွေ အများကြီးပဲ
မိုးမခအထောက်တော် ၀၀၃၊ မေ ၂၊ ၂၀၁၃
            ဧပြီလကုန်မှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ကရဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဘာသာ ၂ ခုကြား၊ လူမျိုး ၂ စုကြားက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အရင်းခံအကြောင်းတွေ၊ တောက်လောင်နေဆဲ မီးတွေအကြောင်း ပွင့်ပွင့်လင်းလင်း စာနဲ့ ပေနဲ့ မှတ်တမ်းနဲ့ သိရတယ်။ ပြဿနာတခုကို ဖြေရှင်းဖို့အတွက် အရင်ဆုံး လိုအပ်ချက်က ပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်ဖို့ ဖြစ်တယ်ဆိုတဲ့ စကားနဲ့အညီ ဒီအစီရင်ခံစာဟာ မြန်မာပြည်မှာ ဒီပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်တာ၊ ဖော်ထုတ်လိုက်တာ၊ နိုင်ငံတော်အဆင့် အစိုးရအပါအ၀င် လူမှုအဖွဲ့အစည်း၊ အတိုက်အခံအင်အားတွေ အပါအ၀င်က အတူတကွ အတည်ပြုလိုက်တဲ့ အဆင့်အဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။
            "မင်းတို့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာန်တွေကြားမှာ၊ ရခိုင်တွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပြဿနာတွေ ရှိနေသလား၊ ဖြစ်နေသလား လို့ မေးလာရင် ဟုတ်တယ်ဗျ၊ ရှိတယ်၊ ဖြစ်နေတယ်။ အစိုးရကကော၊ အတိုက်အခံတွေကပါ ၀န်ခံထားတယ်လို့ ပြောလိုက်နိုင်တဲ့ အဆင့်ကို ရောက်သွားတယ်။"
            အဲသည်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးလို့ မျက်စိမှိတ်ငြင်းနေတဲ့ အစိုးရ၊ မင်းမဲ့စရိုက်တွေမို့လို့ လက်နက်နဲ့ နှိမ်နင်းရတာပါလို့ ဆင်ခြေပေးတဲ့ အစိုးရအဆက်ဆက်ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားပြည်နယ်စပ်က ဘာသာခြားလူမျိုးစုတစုနဲ့ ဒေသခံတိုင်းရင်းသားလူမျိုးတွေကြားက ပြဿနာတွေ၊ အငြင်းပွားမှုတွေ၊ သမိုင်းတောက်လျောက် အရေးကိစ္စတွေကို စစ်တပ်နည်း စစ်တပ်ဟန်နဲ့ ကိုင်တွယ်နေခဲ့ရာကနေ  ခုချိန်မှာ အဲသည်အမှောင်ရိပ်အောက်က ထွက်လာတာကိုတော့ ချီးကျုးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရခိုင်ပြည်နယ်၊ ဘင်္ဂလားနယ်စပ်က လူမျိုးစုတစုရဲ့ အရေးကနေပြီး မြန်မာပြည်အနှံ့က ဘာသာမတူသူတွေကြားက အရေးတခုအဖြစ် အသွင်ပြောင်းလဲလာနေတာကို လက်ပိုက်ကြည့်နေခဲ့ရင် နောင်မှာ မြန်မာပြည်တပြည်လုံး မီးလောင်တိုက်တွေ သွင်းကုန်ကြမှာကို ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရကြတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။
            အာဏာရှင် အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးသမားတွေအပါအ၀င် လက်နက်ကိုင်အာဏာပိုင်တွေက နယ်စပ်ဒေသက ပြောင်းရွှေ့အခြေချလာသူ လူမျိုးစုတွေနဲ့ ပတ်သက်ရင် တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ဒေသခံ တိုင်းရင်းသားတွေကိုယ်တိုင်မှာလည်း တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုမရခဲ့ကြလို့ သူတို့နည်း သူတို့ဟန်နဲ့ အသက်မွေးခဲ့ကြရတယ်။ ဒါတွေကနေပြီး ဘာသာရေး၊ လူမျိုးရေး အစွဲကြီးမှုတွေ၊ တင်းမာမှုတွေက ရှေ့တန်းရောက်လာပြီးတော့ မြန်မာပြည်အနှံ့အထိကို ဘာသာ ၂ ခုကြားမှာ သဘောထားတွေ ကွာဟတာ၊ သံသယတွေ ဖြစ်ပေါ်လာတာကို အတိအလင်း လက်ခံကြရမှာ ဖြစ်ပါတယ်။
            ဘယ်လိုမျိုး ကွာဟချက်တွေ ရှိနေသလဲ။
            မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေမှာ ၉၆၉  လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ အစ္စလာန်ဘာသာဝင်တွေကလည်း ပြည်တွင်းကနေ ပြည်ပအထိကို သူတို့တွေရဲ့ ခံစားချက်တွေ ဘဘောထားတွေကို ထုတ်ဖော်ဖြန့်ချိလာကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်တွေကိုလည်း တဖက်နဲ့ တဖက် ပုတ်ခတ်စွပ်စွဲတာတွေ ပြစ်တင်တာတွေအထိ ဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစွန်းရောက်ဖို့ အကြမ်းဖက်ဖို့ တိုက်ခိုက် ဖျက်ဆီးဖို့ သွေးထိုးလှုံဆော်သူတွေ အစုအဖွဲ့တွေကလည်း နေရာအနှံ့မှာ ပေါ်ထွန်းလာတယ်။ အားလုံးသော ပြည်သူတွေအကုန်လုံးဟာ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကျီးလန့်စာစားအခြေအနေမျိုးကို ရင်ဆိုင်နေတယ်။
            ဥပမာတခုအနေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးနဲ့ အဖွဲ့ကနေ အစ္စလာန်ဘာသာဝင်အချို့နဲ့ မန္တလေးမှာ ဆွေးနွေးကြတဲ့အကြောင်း ဖေ့စ်ဘွတ်က မိတ်ဆွေတဦးရဲ့ စာမျက်နှာမှာ တင်ဆက်ထားတာကို ဖတ်ရတာကို တင်ပြလိုပါတယ်။ ရက်စွဲကတော့ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ လို့ ဆိုပါတယ်။
            ကိုမြအေးတို့ဖက်က ဗုဒ္ဓဘာသာနဲ့ အစ္စလာန်ဘာသာတွေအကြား အထင်အမြင်လွဲမှုတွေကို ဖြေဖျောက်စေဖို့ ဘာတွေလုပ်ရင်ကောင်းမလဲဆိုပြီး သဘောထားတွေ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ကိုမြအေးနဲ့ အဖွဲ့က ပြောတဲ့ ၁ ချက်ကတော့ ဗလီတွေမှာ မြေအောက်ခန်းတွေ၊ စစ်စခန်းတွေလို ဆောက်မထားဘူးဆိုတာ ဖြေရှင်းပေးပါလို့ ပြောတယ်။ တဖက်က ဘာပြန်ပြောသလဲဆိုတော့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ ရဲတွေက ဗလီထဲ ဘာမှ မရှိဘူးဆိုတာ သိကြပါတယ်တဲ့။ မဟုတ်မမှန် စွပ်စွဲတာတွေကို အရေးလုပ်ပြီး ပြန်ဖြေရှင်းစရာ မလိုဘူးလို့ ပြန်ဖြေထားပါတယ်။
            နောက် ၁ ချက်ကတော့ အစ္စလာန်ဘာသာဝင်များ ခေါင်းမြီးခြုံခြင်း၊ အကျီရှည်ဝတ်ခြင်း၊ မုတ်ဆိပ်ထားခြင်းတွေဟာ မြန်မာများ ၀တ်စားပုံနဲ့ ကွဲနေတယ်၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်တိုင်းမကျစရာ၊ အထင်လွဲစရာဖြစ်နေလို့ မြန်မာလိုပဲ ၀တ်စားသင့်တယ်လို့ တင်ပြသွားတယ်လို့ ဆိုပါတယ်။
            အဲသည်မှာ အခြားတဖက်ကလည်း ဒါကို ငြင်းပယ်ပါတယ်။ ပြန်လှန်ပြောဆိုသူကတော့ အစ္စလာန်ဘာသာဝင် ပညာရှင် မွဖ်သီအွမ်မာရ်လို့ ရေးထားပါတယ်။
            "ကွန်တော်တို့ အစလာမ်ဘာသာမှာ သီးခြားဝတ်စုံဆိုတာ မရှိပါဘူး-သီးခြားဝတ်စားရမယ်လို့ သတ်မှတ်ထားတာ လဲ မရှိပါဘူးသို့သော်လဲ ကွန်တော်တို့ဟာ ကွန်တော်တို့သာသနာရဲ့ ဦးစီးရှေ့ဆောင် မဟာတမန်တော်မြတ်ကို ချစ်ခင်မ လေးစားမ ကည်ညိုမတွေကောင့် မဟာတမန်တော်ရဲ့ ဝတ်စားဆင်ယင်ပုံကို အတုခိုး ဝတ်ဆင်ကပါတယ်။ တရားတော်က သတ်မှတ်ပြဌာန်းချက်အရ မုတ်ဆိပ်ထားကပါတယ်။ ဒီအကျီရှည်ဟာ အိယအမျိးသားတွေ ဝတ်တဲ့ပုံစံနဲ့သာ တစ်ထပ်ထဲတူနေ တာ မဟုတ်ပါဘူး-ရှေးဟောင်းတရုတ်လူမျိးများ ဝတ်ဆင်လေ့ရှိကတဲ့ အကျီနဲ့လဲတူပါတယ်- ဒီအကျီဟာ မဝတ်မနေရ ပြဌာန်းချက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားတဲ့ လွတ်လပ်မအရ ကွန်တော်တို့ ဝတ်ဆင်ကတာ မှန်ပေမဲ့- ကွန်တော်တခုမေးလိုပါတယ်လူများစုနဲ့ ပြေပြေလည်လည်ရှိဖို့အတွက်-ပြသနာရှာနေတာတွေစွတ်စွဲပြောဆိုနေတာတွေရန်ရှာနေတာတွေ ပီးသွားမယ်ဆိုရင် ဒီအကျီတွေ ကွန်တော်တို့ စွန့်လတ်ပစ်လိုက်ပါ့မယ် အစိုးရက အကျီရှည်မဝတ်ရလို့ အမိန့်ပေးလိုက်ပိါုင်ငံတော်ကို အုပ်ချပ်နေတဲ့အစိုးရရဲ့ အမိန့်ကိုနာခံဖို့ က ကွန်တော်တို့ သာသနာကသွန်သင်ထား ပီးသားဖြစ်ပါတယ်" လို့ ဖြေလိုက်တယ်လို့ ဆိုပါတယ်။ ဆိုတော့ သူ့စကားမှာက အစိုးရက အမိန့်ပေးမှသာ နာခံမယ်၊ သာမန်လူတွေကြားထဲက ဆွေးနွေးမှုတွေကိုတော့ မေးခွန်းတွေနဲ့ တုန့်ပြန်ထားတာကို တွေ့ရပါတယ်။ လူအများနဲ့ ပြေလည်ဖို့ လိုက်လျောပေးရင်ကော ပြဿနာက ပြီးသွားမှာလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပါ။
            နောက်ဆက်လက်ပြီး တဖက်ကထုတ်ပြတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားစရာပါ။ မြန်မာပြည်မှာ စစ်အစိုးရက နှစ်ပေါင်းများစွာ ဖိနှိပ်ထားတယ်။ ဘာသာရေးကိုလည်း အထူးနှိပ်ကွပ်တယ်။ အစ္စလာန်ဘာသာဝင်တွေအပေါ် အထူးဆိုးတယ်။ ၈၈ အရေးတော်ပုံကြီးမှာ စစ်အစိုးရကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက တော်လှန်ခဲ့ကြတယ်။ သို့သော်လည်း စစ်တပ်က အပြင်းအထန် နှိပ်ကွပ်ခဲ့တယ်။ ဒါကြောင့် တော်လှန်ရေးကို တိုက်ရိုက်မလုပ်နိုင်သူတွေက ဘာသာရေးကို ပိုမိုလိုက်စားလာကြတယ်။ အစ္စလာန်ဘာသာဝင်တွေဟာ အကျီအရှည်ဝတ်ပြီး မုတ်ဆိပ်အရှည်ထားလာတယ်။ ဒါဟာ စစ်အစိုးဆန့်ကျင်ရေးစိတ်အရင်းခံဖြစ်တယ်။ ဒါကို ဒီဖက်ခေတ်မှာ အမြင်တွေစောင်းပြီး အပြစ်တင်တာဟာ ၀မ်းနည်းစရာပဲလို့ အစ္စလာန်ဘာသာဝင်ဖက်က တုန့်ပြန်ထားပါတယ်။
            အဲသည်မှာ သူတို့ကနေ ထုတ်ပြတဲ့ ဥပမာဖြစ်ရပ်တခုကတော့ စိတ်ဝင်စားစရာပါ။
စစ်အစိုးရလက်ထက်မှာ တိုက်ပုံအကျီဝတ်တဲ့ မြန်မာလိုနေတဲ့ အစလာမ်ဘာသာရေးအဖွဲ့ အစည်းတွေ ဘာလပ်ရှားမမှ ခွင့်မပြခဲ့ဘူး။အံ့သစရာကောင်းတာက အကျီရှည်ဝတ်ပီး မုတ်ဆိပ်ထားပီှးုပ်ရှားတဲ့ အဖွဲ့အစည်းကိုတော့ လုပ်ပိုင်ခွင့်တွေအများကီးပေးခဲ့တာ ထင်ထင်ရှားရှားတွေခဲ့ရတယ်။
တိတိကျကျပြောရရင် "တဗလိဂ်" လို့ ခေတဲ့ အပတ်စဉ်-လစဉ်-ှစ်စဉ် ခရီးထွက်ပီး သာသနာရေးကျင့်ကံတဲ့ အဖွဲ့ကို အထူးအခွင့်အရေးတွေပေးခဲ့တယ်လို့ ဆိုထားပါတယ်။ သူတို့တွေက သာမန်လူတွေထက် အခွင့်ထူးခံရတာတွေကို အကြောင်းပြပြီး အမျိုးသားရေးပြင်းထန်သူတွေက ကုလားတွေကို မုန်းတီးအောင် လှုံဆော်မှုတွေ ဖြစ်ပေါ်လာစေတယ်လို့ သူက မှတ်ချက်ပေးထားပါတယ်။ အဲသည်မှာ ထိုအဖွဲ့ဝင်တွေကလည်း ငါတို့လမ်းစဉ်မှန်လို့ စစ်အစိုးရက ခွင့်ပြုတယ်ဆိုပြီး စိတ်တွေဝင်ကုန်တယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်အုပ်စု မြန်မာတွေကို အိမ်ကြက်ချင်း အိုးမည်းသုတ် တိုက်တာပဲလို့ သူက သုံးသပ်ပြပါတယ်။ ဒါကြောင့် အခုပြဿနာတွေဟာ ခေတ်ရဲ့ ပြဿနာတွေပါ။ အခုအချိန်မှာ ပွင့်လင်းလွတ်လပ်မှု အမှန်တကယ်ရခဲ့ရင် လွဲမှားနေတာတွေ ပျောက်ပြီး ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ယူဆကြောင်း ပြောထားပါတယ်။ ဒီအတွက် အစ္စလာန်အဖွဲ့ကြီးတွေနဲ့ တဗလိဂ်က တာဝန်ရှိသူတွေကိုယ်တိုင် ဖြေရှင်းတာက ကောင်းပါလိမ့်မယ်လို့ သူက အကြံပေးလိုက်ပါတယ်။
နောက် ကိုမြအေးတို့ဖက်က တင်ပြတဲ့ အချက်တခုကတော့ ဗလီတွေကနေ မြန်မာဗုဒ္ဓဘာသာဝင်တွေကို လက်ထပ်ဖို့ ဆော်သြနေတယ်လို့ သတင်းတွေ ထွက်နေတာ၊ ထောက်ပံ့မှုတွေလုပ်တယ် ဆိုတာတွေဟာ မဟုတ်မမှန်ကြောင်း ဖြေရှင်းပေးစေလိုတယ်လို့ ပါဝင်ပါတယ်။ အစ္စလာန်ဘာသာဝင် ပြန်လှန်ဆွေးနွေးသူတွေဖက်က လက်မခံပါဘူး။ သူများအပြစ်တင်တိုင်း လိုက်ရှင်းရမယ်ဆိုရင် ပြီးတော့မှာ မဟုတ်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ အကြိမ်ကြိမ် ရှင်းဖူးပါတယ်လို့ သူက တုန့်ပြန်ပါတယ်။
ကိုမြအေးတို့ဖက်က ၂ ဖက်သော ဘာသာဝင်တွေ အတူတူပူးပေါင်းပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားတယ်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းများလုပ်ဆောင်ကြဖို့ မှာကြားသွားတယ်လို့ ရေးထားပါတယ်။ အဲသည်မှာ တဖက်က ပြန်ပြောထားတာကတော့ ပြဿနာကို မီးထွန်းရှာနေတာက လူနည်းစုဖြစ်တယ်။ ကျနော်တို့ မန္တလေးမှာ အစလာန်ကို ဘက်ပေါင်းစုံကနေ ပြသနာရှာနေတဲ့ ဆရာတော် တစ်ပါးထဲရှိလို့သာပေါ့များများမဟုတ်ဘူး-အဲ့ဒီဆရာတော်လိုမျိ သုံးပါးလောက်ရှိကည့်လိုက် -န္တလေးမိ ပျက်သွားတာကာလှပီ လို့ သူက မှတ်ချက်ထုတ်လိုက်ပါတယ်။ ကျနော်တို့ဖက်က
သဘောထားပျော့ပြောင်းတဲ့ ထေကီးဝါကီး သံဃာတော်ကီးများထံ ချဉ်းကပ်သဝါဒခံပီး ဘာသာပေါင်းစုံ ချစ်ကည်ရငှ်းီးရေးကိုဆောင်ရွက်နေသလို အစလာမ်ဘာသာအပေမှာ သဘောထားတင်းမာပါတယ် ဆိုတဲ့ ဆရာတော်ဦးဝီရသူ တို့လို ဆရာတော်ကီးများနဲ့လဲ ဘာသာပေါင်းစုံချစ်ကည်ရေး- ငိမ်းချမ်းရေးတွေ လုပ်နေပါတယ်လို့ ဆိုလိုက်ပါတယ်။
ဆိုတော့ အထက်ကဆွေးနွေးပွဲမှာ တဖက်နဲ့ တဖက် ပြောဆိုနေကြတာတွေမှာ တိုက်ရိုက်ပြေလည်မှုဖြစ်စေတဲ့ စေ့စပ်မှုကို မတွေ့ရဘဲ၊ ၂ဖက်စလုံးရဲ့ ကွာဟနေတာတွေ၊ အထင်အမြင်လွဲနေတာတွေကိုပဲ ထုတ်ဖော်တင်ပြခဲ့ကြတာကို တွေ့ရပါတယ်။
အဲသည်ရဲ့ အလွတ်သဘောဆောင်တဲ့ ဆွေးနွေးပွဲမှာ တဖက်ကတောင်းဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တွေ hate speechတွေ ၀ါဒမဖြန့်ပါနဲ့လို့ တောင်းဆိုတာ ဖြစ်ပါတယ်။ အဲသည်မှာ အစ္စလာန်အဖွဲ့တွေနဲ့ ဖေဖော်ဝါရီလထဲတွေ့ဆုံခဲ့တဲ့ ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့က ပြန်လှန် တောင်းဆိုခဲ့တဲ့အချက်ကို ထိုသူက ကောက်နုတ်ခဲ့ပါတယ်။ ၀န်ကြီးတွေဖက်ကလည်း အစ္စလာန်ဘာသာဝင်တွေဖက်ကလည်း love speech တွေ များများ ပြောကြပါ။ ပြောခွင့်ရအောင် တင်ပြပေးပါ့မယ်လို့ ပြောသွားကြောင်း သူက ရေးထားပါတယ်။
ဆိုတော့ … အထက်ပါ အချက်များအရ ကွာဟနေတဲ့ ၂ ဘာသာ၊ ၂ လူမျိုး စလုံးက ခြားနားမှုတွေ လွဲမှားမှုတွေကို စေ့စပ်နိုင်ဖို့  ၂ဖက်စလုံးက စတင်ပြီး လုပ်ဆောင်ကြမှသာ အဖြေပေါ်မည်။ ပြဿနာတွေကို ရှင်းနိုင်လိမ့်မည်ဆိုတာ ထင်ရှားတယ်လို့ ဆိုချင်ကြောင်းပါ။
မြန်မာပြည်အပြင်ဖက်က နိုင်ငံတကာမှာလည်းပဲ ဘာသာခြားတွေအချင်းချင်းကြားမှာ ပြဿနာတွေ ရှိကြောင်းပါ။ အထူးသဖြင့် အနောက်အုပ်စု ခရစ်ယာန်ဘာသာဝင် လူများစုရှိတဲ့ နိုင်ငံတွေနဲ့ အစ္စလာန်ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ထောက်ခံသူ အစုအဖွဲ့တွေ၊ နိုင်ငံတွေကြားထဲမှာ ပြဿနာတွေ ရှိပါတယ်။ ပြဿနာကို ပြဿနာအဖြစ် လက်ခံထားတဲ့အတွက် တိုင်းပြည်တွေမှာ ပြဌာန်းထားတဲ့ တရားဥပဒေ၊ လွတ်လပ်ခွင့် အာမခံမှု၊ တရားမျှတမှု ဘောင်ထဲကနေပဲ ဖြေရှင်းမှုတွေ ရင်ဆိုင်မှုတွေ လုပ်ကြရပါတယ်။
ဥပမာအားဖြင့် မြန်မာပြည်က နယ်မြို့မှာ ဖြစ်ပွားသလို ရာဇ၀တ်မှု၊ အငြင်းပွားမှုတွေကို တရားဥပဒေရှုထောင့်၊ လုံခြုံရေး ဥပဒေစိုးမိုးရေး ရှုထောင့်ကပဲ ရပ်တည်ပြီး ဖြေရှင်းမယ်ဆိုရင် လူထုတွေကြားထဲက မင်းမဲ့စရိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားစရာမရှိနိုင်ပါ။ အာဆီယံနိုင်ငံတွေထဲက ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဘာသာခြားတွေအချင်းချင်း အကြမ်းဖက်တာ၊ သတ်ဖြတ်ကြတာဟာ တရားဥပဒေစိုးမိုးမှု၊ ကာကွယ်စောင့်ရှောက်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရတွေက ပျက်ကွက်လို့ အားနည်းလို့ ဖြစ်ရတာချည်းပဲ ဖြစ်ပါတယ်။ သည်တော့ ပဋိက္ခနယ်မြေက လူထုဟာ ဥပဒေကို သူတို့လက်ထဲမှာ ထည့်ပြီး စီရင်ကုန်ကြရတာကြောင့် သွေးချောင်းစီးကြရတာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းက အာရပ်နွေဦးမှာ အစ္စလာန်ဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေ အတူတူ ပူးပေါင်းပြီး အာဏာရှင်တွေ၊ အစွန်းရောက်တွေ၊ အစွဲအလန်းကြီးသူတွေကို ဆန္ဒပြ ဖြုတ်ချခဲ့ကြတယ်။ ဖြုတ်ချတာက တပိုင်းပဲ။ နောက်ပိုင်းကာလမှာ ဘာသာတူတွေ အချင်းချင်း၊ ဘာသာခြားတွေအချင်းချင်း သာတူညီမျှ၊ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ဖို့၊ ဖြေရှင်းဖို့၊ ထူထောင်ကြဖို့ဆိုတာက အရေးကြီးတဲ့ အရေးပါတဲ့ ကဏ္ဍနဲ့ စိန်ခေါ်ချက်ဖြစ်ပါတယ်။ ပြဿနာက ၂ ဖက်ကြားထဲက ကွာဟမှုတွေဖြစ်တယ်လို့ သဘောမထားဘဲ၊ ပြဿနာက ဟိုဖက်ကချည်းပဲလို့ တဖက်သတ်မြင်နေသမျှ ကာလပတ်လုံး ကျနော်တို့ ပြေလည်အောင် ဖြေရှင်းနိုင်ကြမှာမဟုတ်ဘူး။
hate speech ကို ၂ ဖက်စလုံးက ရပ်ပါ။ love speech ကို ၂ ဖက်စလုံးက စပါ။ ကြားထဲက အဖျက်သမားတွေ သူတို့လမ်း သူတို့သွားပါလိမ့်မယ်။ သူတို့နောက်တော့ လိုက်မသွားပါနဲ့။




--
http://www.burmaburo.blogspot.com