- မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လက်ရှိ အခြေအနေ(သတင်း ဓာတ်ပုံများ..).(၂)
- ရန်ကုန်မြို့ တော်စည်ပင်သာယာ၏ မြို့နေလူထုအပေါ်ဆိုးရွားသောလုပ်ရပ်.. (တိုင်ကြားစာ)
- နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ...
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လက်ရှိ အခြေအနေ(သတင်း ဓာတ်ပုံများ..).(၂) Posted: 21 Sep 2011 11:18 PM PDT ကြွရောက်လာကြသော ဧည့်သည်တော်ကြီးများ အားလှိုက်လှဲစွာကြိုဆိုပါ၏တဲ့... (ဇူလိုင်လကပုံပါ) စစ်တပ်က လုံခြုံရေးယူထားတယ် ဆိုတော့ ဘယ်သူဆိုတာ ခန့်မှန်းကြည့်ပါ...။ တရုတ်ပြည်အတွက်တော့ ဧည့်သည်တော်တွေပေါ့.. ကျွန်တော်တို့ အမိဧရာဝတီနဲ့ မြန်မာပြည်သူတွေ အတွက်ကတော့... လျှပ်စစ်ဝန်ကြီးဆိုသူနှင့် ဧည့်သည်တော်ကြီးများ ပြန်လည်ထွက်ခွါ သွားပြီးနောက်.. မြင်ရတဲ့ မြင်ကွင်း မြစ်ဆုံ စီမံကိန်း မြင်ကွင်း မြေပုံ.. ပြည်သူတွေ အလုပ်အကိုင်ရရှိနေပါတယ် ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့ စကားအရ ဒေသခံတွေကတော့ ယခုကဲ့သို့ ကတို့ဆိပ်မှာ စက်လှေ မောင်းနေရတဲ့ ဘဝ... မြစ်အတွင်းမှ လှမ်းမြင်ရတဲ့ မြင်ကွင်း.. မြစ်ဆုံ စီမံကိန်းအကြောင်း တရုတ်လို အကျယ်တဝင့် ကချင်ပြည်နယ် ဂုဏ်ဆောင် မြစ်ဆုံရဲ့ဒေသရဲ့ ဒီလို လှပတဲ့ မြင်ကွင်းတွေနဲ့ အမိဧရာဝတီ မြစ်ကြီး ဆက်လက် ရှင်သန် စီးဆင်းရေးဟာ ကျွန်တော်တို့ အားလုံးရဲ့ အမျိုးသားရေး တာဝန်တရပ်ဖြစ်ပါတယ်.. ဧရာဝတီ စီမံကိန်းမှ တရုတ် အမျိုးသမီးဝန်ထမ်းများ..နဲ့ နောက်ကျောမှာ မြင်နေရတဲ့ စီးဆင်းနေတဲ့ မြစ်အလျဉ်ကို ဒီနေရာကနေ ပိတ်ဆို့ဖို့ စီစဉ်နေပြီလား....။ လွန်ခဲ့တဲ့ ၂လက တွေ့မြင်ရတဲ့ မြစ်ဆုံ မြင်ကွင်းတွေပါ...။ ဆက်လက်ဖော်ပြပေးပါမယ်...။ |
ရန်ကုန်မြို့ တော်စည်ပင်သာယာ၏ မြို့နေလူထုအပေါ်ဆိုးရွားသောလုပ်ရပ်.. (တိုင်ကြားစာ) Posted: 21 Sep 2011 12:05 PM PDT ရန်ကုန်မြို့မြို့နယ် အချို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေပေးဝေရေးဌာနမှ ပို့လွှတ်နေသော ရေသည် ယခုရက်ပိုင်းအတွင်း ပြည်သူအများသုံးစွဲပါက ကျန်းမာရေးဆိုးရွားစွာထိခိုက်စေမည့် ရေများကို ပို့လွှတ်လျှက် ရှိပါသည်။ လူနေတိုက်ခန်းများမှ ရေစုတ်တင်လိုက်လျှင် ပုံများတွင် မြင်တွေ့ရသည့် အတိုင်းသံချေးရောင်နှင့် နွံနှစ် များ ပေါင်းစပ်နေသော ရေများကျလာပါသည်။ ယခုကဲ့သို့ ဖြစ်နေသည်မှာ ၂ရက်ခန့်ရှိနေပြီဖြစ်ပြီး ၊ နောက်ထပ်မည့်မျှ ကြာမြင့်ဦးမည် မသိပါ။ ၎င်းရေများအား ဖယ်ထုတ်သန့်စင်ရန်အတွက် ရေဖောက်ထုတ်ရာတွင် ရေနှင့်ထိမိသောခြေ၊ လက်အစရှိသည့် နေရာများသည် ယားယံလာခြင်း၊ အနီစက်များ ဖြစ်ပေါ်လာခြင်းများကို ခံစားရပါသည်။ ရန်ကုန်မြို့နေလူထုသည် ဂျိုးဖြူရေကိုသာ အဓိက သုံးစွဲနေကြသည့်အတွက် ရေပေးဝေရေးဌာနမှ ရေဆိုးရေညစ်များကို ပြည်သူအများ သုံးစွဲရာသို့ ပို့လွှတ်ခြင်းသည် အလွန်ဆိုးရွားပြီး လူသားခြင်း စာနာမှု မရှိသော လုပ်ရပ်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ဌာန၏ ဆောင်ပုဒ်များဖြစ်သော... "ဒါ..သင့်မြို့တော်သန့်ရှင်း သာယာလှပရမည်" "မြို့တော်သာယာ လှပရေးအတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပါ" စသည့် ဆောင်ပုဒ်များ ရှိသော်လည်း အပေါ်ယံ လူမြင်ကောင်းရုံဖြင့် မဖြစ်နိုင်ပါ။ ယခုကဲ့သို့မြို့တော် စည်ပင်သာယာရေးမှ မြို့ခံလူထုအပေါ် လူမဆန်သောလုပ်ရပ်သည် ဌာနကောင်းတခု၏ အင်္ဂါရပ်များနှင့် မလျှော်ညီပါ။ မြို့နေပြည်သူများ၏အမြင်အရ ရန်ကုန်မြို့တော် စည်ပင်သာယာဌာနသည် စည်ပင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ အမှိုက်ခွန် အစရှိသည့် အခွန်အခ ကောက်ခံရေးများတွင်သာ အားကြိုးမာန်တက် ဆောင်ရွက်လျှက်ရှိပြီး မြို့နေလူထုအပေါ် စေတနာမှန်မှန်ဖြင့် ပြည်သူ့ အကျိုးပြုနေခြင်းမရှိပါ။ မြို့တော်စည်ပင် သာယာလှပစေရေး၊ အဆင့်အတန်းမြင့်သော မြို့တော်အဂါင်္ရပ်များနှင့် ညီစေရန် မြို့နေလူထုနှင့် အမှန်တကယ် လက်တွဲဆောင်ရွက် လိုပါက မိမိဌာနရှိ ညစ်နွမ်း စုတ်ပြတ်နေသော စံနစ်များနှင့် မြိုခံလူထုအပေါ်ထားရှိသည့် စိတ်ဓါတ်များအား ဦးစွာပြင်ဆင် ဖာထေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ |
နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ... Posted: 21 Sep 2011 10:55 AM PDT နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း ပိုင်ဆိုင်တဲ့ (RED LINK) အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီ ယခင်ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ယခုပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း ပိုင်ဆိုင်သော(RED LINK) အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီသည် အောက်တိုဘာလ(၁၅)ရက်နေ့မှ စတင်ပြီး အင်တာနက်လိုင်း ငှားရမ်းသုံးစွဲခများအား FECဖြင့် ပေးဆောင်ခြင်းကို လုံးဝလက်မခံတော့ကြောင်း သိရှိရပါသည်။ ပြည်သူ့လွှတ်တော်တွင် နိုင်ငံခြားငွေကြေးကိစ္စနှင့် ပတ်သက်သည့် အဆိုကိုတင်သွင်း ဆွေးနွေးခဲ့ပြီးနောက်FEC ကိုဒေါ်လာငွေနှင့် အစားထိုး လဲလှယ်ပေးမည်ဟု ပြောကြားခဲ့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့FECငွေကို ကုမ္ပဏီ အများစုမှ လက်ခံခြင်းမရှိတော့ပေ။ RED LINK အင်တာနက်လိုင်းကို စတင်သုံးစွဲခြင်းပြုရာတွင် FEC ၁၅၀၀ စတင် ပေးသွင်းခဲ့ရပြီး လစဉ်အင်တာနက် သုံးစွဲခမှာFEC ၄၅ဖြစ်သည်။ ယခင်လစဉ် အင်တာနက်သုံးစွဲခကို ပေးသွင်းရာတွင် FECဖြင့်သာ ပေးသွင်းခဲ့ရပြီး၊ သို့ရာတွင် FECငွေကြေးကိစ္စအား ပြည်သူ့လွှတ်တော်တွင် ထည့်သွင်းဆွေးနွေး ခြင်းသာဖြစ်ပြီး ငွေကြေးဆိုင်ရာ အပြောင်းအလဲအမိန့်ကို နိုင်ငံတော်မှ ထုတ်ပြန်ကြေငြာခြင်း လုံးဝမရှိသေးဘဲ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်းမှ မည်သည့်အကြောင်းကြောင့် FECငွေကို လက်ခံခြင်း မပြုတော့သည်မှာ နိုင်ငံတော်၏ လျှို့ဝှက်အက်ဥပဒေကို ကြိုတင်သိရှိပြီး ဖြစ်သောကြောင့်သာ ဖြစ်မည်ဟု ၎င်းပိုင်ဆိုင်သည့် RED LINK Wi-Max အင်တာနက်လိုင်းကို သုံးစွဲသော သူများမှ သုံးသပ် ဝေဖန်နေကြပါသည်။ သတင်း၊ ဓာတ်ပုံ...။....။ ဒီမိုဝေယံ၊ ဒီမိုကောင်းကင် |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment