Wednesday, 16 May 2012



ဘယ်သူပိုင်လဲ

Posted: 15 May 2012 12:21 AM PDT

အမှန်တွင် ကုလသမဂ္ဂအတည်ပြုထားသည့် တိုင်းရင်းလူမျိုးများအခွင့်အရေးဥပဒေအရ ဤသယံဇာတများကို နိုင်ငံတော်အစိုးရက မပိုင်ပါ။ တိုင်းရင်းသားလူမျိုးများသာ ပိုင်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ သဘောတူညီချက် မရဘဲ စိတ်ကြိုက်တူးဖော်သုံးစွဲ၍ မရပါ။ 

ငယ်ငယ်တုန်းက တေဇလူငယ်၊ ရွှေသွေး၊ ဒို့ကျောင်းသား စသည်ဖြင့် ဖတ်ဖူးသည်။ မြန်မာ့အလင်းသတင်းစာကို ဘုန်းကြီးကျောင်းသားဘဝကတည်းက ဖတ်ခဲ့သည်။ မဂ္ဂဇင်းပေါင်းများစွာလည်း ဖတ်ဖူးသည်။ သဇင်တို့၊ ပေဖူးလွှာတို့၊ ရှုမဝတို့၊ သောင်းပြောင်းထွေလာရီစရာတို့ အတော်စုံသည်။ ဝတ္တုတို၊ ဝတ္တုရှည်၊ လုံချင်း၊ သိုင်းလည်း ဖတ်တာပါပဲ။ စာသင်တိုက်ရောက်သောအခါ သတင်းစာဖတ်ခွင့်မရှိသဖြင့် ဆရာတော်ဆီ သတင်းစာမရောက်ခင် ဦးအောင် ခိုးဖတ်ရသည်။

ဆရာတော်၏ စာအုပ်ဗီဒိုတွင် မြန်မာ့စွယ်စုံကျမ်းအတွဲလိုက် ရှိသည်။ ကုန်အောင် ဖတ်လိုက်သည်။ ပီမိုးနင်းစာအုပ်တို့၊ ဆရာနန္ဒာသိန်းဇံစာအုပ်တို့ဆိုလျှင် မလွတ်တမ်း ဖတ်ဖြစ်သည်။ ဖတ်ပြီး တွေးရတာကို ကြိုက်နှစ်သက်သည်။ အခုမှာ ဖတ်ဖူးသည်များကို ရေးရေးမျှသာ မှတ်မိသည်။ မှတ်မိသည့်အထဲတွင် ရီစရာဟာသတစ်ခုကို အကြောင်းတိုက်ဆိုင်၍ အတွေးထဲ ပြန်ပေါ်လာသည်။

တစ်ခါက အဖိုးကြီးတစ်ယောက်သည် တည်းခိုးခန်းတစ်ခုတွင် ခရီးတစ်ထောက်နား အိပ်ရသတဲ့။ မနက်မိုးလင်းသောအခါ သူ့ခရီးကို သူဆက်ခဲ့သည်။ မကြာပါ။ သူ့ ထီးတစ်ချောင်း တည်ခိုးခန်းတွင် ကျန်နေခဲ့ကြောင်း သိရတော့သည်။ သူက ချက်ချင်း ပြန်လှည့်လာသည်။ သို့သော် သူ တည်းခိုခဲ့သည့်အခန်းကို ကြင်စဇနီးမောင်နှံနှစ်ဦးက ယူထားနှင့်ပြီ။

အဖိုးကြီးက သူ့ထီးကိုပဲ မဲနေ၍ အခန်းရှိရာကို တန်းလာပါသည်။ အနားရောက်၍ တံခါးကို ဖွင့်မည်ကြံရာ...

"ဒီမျက်ဝန်းကို ဘယ်သူပိုင်လဲ"

အခန်းတွင်းက အသံကြားရသဖြင့် ဖွင့်လက်က တန့်သွားရသည်။

"မောင် ပိုင်တယ်"

"ဒီနှာတံလေးကော""မောင်ပဲပေါ့"

အဖိုးကြီးက အခက်တွေ့နေတော့သည်။ ဒီအတိုင်း ဝင်သွားဖို့လည်း မဖြစ်နိုင်၊ ဒီအတိုင်းထားခဲ့ဖို့လည်း မဖြစ်။ မိမိထီးရဖို့အရေး မနည်းတွေးနေရသည်။

"ဒီနှုတ်ခမ်းလေးကိုလည်း ပြောပါဦး"

"မောင်ပဲပေါ့ရှင့်"

"ဒီရင်အစုံ"

အဖိုးကြီးက နားရှက်လာပါပြီ။

"မောင်ကလွဲပြီး ဘယ်သူ့မှမရှိ"

"ဒီသေးသွယ်လှတဲ့ ခါးလေးကိုရော"

"မောင်ရယ် မောင်ပဲပေါ့"

ခါးပြီးလျှင် ဘာလာမလဲ အဖိုးကြီးက သဘောပေါက်သွားသည်။ အခြေအနေမဆိုးခင် သူအရင်ဝင်မှ ဖြစ်မည်။ ဟိုဟာကို နားထောင်ဖို့ သူ့အတွက် သတ္တိမရှိ။ အဖိုးကြီးက တံခါးဖွင့်ပြီး အဝင်...

"ဒီ....ကို ဘယ်သူပိုင်လဲ"

ညားခါစသူတို့သမီး မဖြေခင် အဖိုးကြီးကလည်း သူ့ထီးကို မဲနေသည်နှင့်...

"ဟေ့ဟေ့ ခဏရပ်ကြ၊ ဒီတစ်ခုကို ငါပိုင်တယ်ကွ"

ဆိုပြီး သူ့ထီးကို ယူပြီး လစ်ပြေးတော့သည်။ မှတ်မိသည်ကို ပြန်ရေးခြင်းပါ။ အခုလည်း တိုင်းရင်းသားဒေသတို့မှာ သယံဇာတတွေကို ဘယ်သူပိုင်လဲ တွေးကြည့်ရင်းနှင့် ဒီအကြောင်း ရောက်သွားရသည်။

မုဒုံအုပ်ချုပ်ရေးမှူးက စာရေးသူတို့ရွာက လယ်သမားတွေကို မေးဖူးသည်။

"ဒီလယ်တွေကို ဘယ်သူပိုင်လဲ"တဲ့။

လယ်သမားတွေက သဘောရိုးဖြင့် မေးသည်ထင်၍

"အဖိုးတို့ ပိုင်တာပေါ့ကွယ်"

ဆိုပြီး ပြန်ဖြေလိုက်သည်။ အရာရှိက ထီးကိုပင် အလွတ်ပေးမည့်ပုံ မပေါ်။

"ဘယ်ဟုတ်မလဲ၊ ဒီနိုင်ငံမှာရှိသမျှ တွင်းထွက်တွင်းမထွက် မြေပေါ်မြေအောက် ရှိရှိသမျှကို နိုင်ငံတော်အစိုးရက ပိုင်တယ်။ နိုင်ငံတော်က ပိုင်တယ်ဆိုတော့ ငါပိုင်တာပေါ့"တဲ့။
ဆက်မေးလျှင်

"မုတ္တမပင်လယ်ကွေ့က ဓာတ်ငွေ့ကြောကို ဘယ်သူပိုင်လဲ"

"မောင်ပဲပေါ့"

"ရခိုင်ရှိ ဘင်္ဂလားပင်လယ်အော်က ဓာတ်ငွေ့ကိုလည်း ဘယ်သူပိုင်လဲ"

"မောင်ပဲပေါ့"

"ကချင်က ကျောက်စိမ်းတွင်းတွေကို ဘယ်သူပိုင်လဲ"

"မောင်ကလည်း မေးစရာလိုသေးလား"

ကိုင်း ဆက်တွေးကြည့်စေချင်သည်။ တိုင်းရင်းသားတို့၏အဖြစ်ကို တွေးကြည့်စေချင်သည်။ မောင်ပိုင်စီးရုံမကသေးပါ။ ပေါက်ဖော်တွေကို ခေါ်ပြီး အုပ်စုလိုက် မုဒိမ်းကျင့်သေးသည်။ (ရိုင်းနေလျှင် ခွင့်လွှတ်ပါ)

ဒီတိုင်းရင်းသားတွေက ဒီမြေဒီရေဒီလေထုမှာ နှစ်ပရိစ္ဆေဒပေါင်းများစွာ နေလာခဲ့သည်။ "မောင်"ဆိုသည့်ပုဂ္ဂိုလ် မမွေးခင်ကတည်းကပါပဲ။ အခုကျမှ ပိုင်စိုးပိုင်နင်းနှင့် သူပိုင်ချည်း ဖြစ်နေသည်။

အမှန်တွင် ကုလသမဂ္ဂအတည်ပြုထားသည့် တိုင်းရင်းလူမျိုးများအခွင့်အရေးဥပဒေအရ ဤသယံဇာတများကို နိုင်ငံတော်အစိုးရက မပိုင်ပါ။ တိုင်းရင်းသားလူမျိုးများသာ ပိုင်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ သဘောတူညီချက် မရဘဲ စိတ်ကြိုက်တူးဖော်သုံးစွဲ၍ မရပါ။ သဘာဝဘေးအန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများ၊ တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝကို ထိခိုက်စေသည့်လုပ်ရပ်များကို နိုင်ငံတော်အစိုးရက ကျူးလွန်ခွင့်မရှိချေ။

မသိနားမလည်သော တိုင်းရင်းသားလူမျိုးများကို အခွင့်ကောင်းယူ၍ ဗဟိုအစိုးရက အမြတ်ထုတ်နေခြင်းမျှသာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိအခွင့်အရေးကို သိရှိနားလည်ကာကွယ်ရန်အတွက် စုစည်းညီညွတ်စွာ အရေးဆိုသင့်သည်။ မိမိပြည်နယ်ကို မိမိတို့သာ ပိုင်သည်၊ မိမိတို့ပြည်နယ်ထွက်သယံဇာတများကို မိမိတို့သည်သာ ပိုင်ဆိုင်သည်၊ မိမိတို့သဘောဆန္ဒ မိမိတို့အကျိုးစီးပွားမပါရှိဘဲ မည့်သည့်ကုမ္ပဏီမှ အခြေချလုပ်ကိုင်နိုင်ခွင့်မရှိ။

Ven Ravika


တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည် Sedona Hotel မင်းတုန်းခန်းမတွင် တွေ့ဆုံမှု

Posted: 15 May 2012 12:09 AM PDT











၁၉၈၃ခုနှစ် မြောက်ကိုး၇ီးယားမှအာဇာနည်ကုန်းဗုံးဖောက်ခွဲမှုနောက်ပိုင်း အသစ်ပြန်လည်တည်ဆောက်ထားသော အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်ဝန်ကြီးအဖွဲ့'ဒီကနေ့လာရောက်ဂါဝရပြု

AP Photo/ Yonhap, Kim Byung-man


ပန်းလှိုင်မြစ်ကောလာပြီး ရန်ကုန်မြစ်နှင့်ဆုံရာနေရာတွင် မြစ်လယ်ထိ သွားရောက် ရေကစားသူများပင်ရှိ

Posted: 14 May 2012 11:58 PM PDT

နုန်းပို့ချမှု ပိုမိုများပြားလာသောကြောင့် ပန်းလှိုင်မြစ်ကောလာပြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနီး ရန်ကုန်မြစ်နှင့်ဆုံရာ နေရာတွင် ကလေး၊ လူကြီးများ မြစ်အတွင်းသို့ ဆင်း၍ ရေကစားသူများရှိကြောင်း သိရသည်။

အထူးသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီမှ ၃ နာရီအတွင်း ရေကျချိန်များတွင် မြစ်အလယ်အထိသို့ ရေမကူးတတ်သူများပင် သွားရောက် ရေကစားကြကြောင်း၊ မြစ်ရေမှာ မြစ်ကြမ်းပြင် အထက်ငါးပေကျော်ကျော်သာ ရှိတော့ပြီး နုန်းများမှာ နှစ်ပေကျော်ရှိကြောင်း မြစ်အတွင်းသို့ သွားရောက် ရေကစားသူများက ပြောပါသည်။

''ရေထဲဆင်းပြီး လက်နှိုက်လိုက်ရင် တစ်ချို့နေရာတွေမှာ ခေါင်းမမြုပ်ဘဲ နုန်းတွေစမ်းလို့ရတယ်''ဟု အေးရွာကျေးရွာနေ ဦးအောင်သန်းက ပြောပါသည်။

ထိုသို့ ရေကစားကြသူများတွင် အေးရွာအပါအ၀င် အနီးအနားရွာများမှသူများပါ လာရောက်ဆော့ကစားကြကြောင်း၊ ရေကျချိန်တွင် အန္တရာယ်မဖြစ်နိုင်သော်လည်း ရုတ်တရက်မြစ်ရေတက်လာပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဒေသခံများက ဆိုပါသည်။

ထို့အပြင် ပန်းလှိုင်မြစ်မှာ လှိုင်သာယာ- တွံတေးတံတားအနီး အချို့နေရာများတွင် လုံးဝရေမရှိတော့ဘဲ နုန်းများဖြင့် သောင်များထွန်းကာ လမ်းလျောက်ဖြတ်ကူး၍ ရလောက်အောင်ပင် ဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ပန်းလှိုင်မြစ်အထက်ပိုင်းရှိ ကျေးရွာများမှာ ရေလမ်းကြောင်းကို အဓိက အားထားနေရသော ရွာများဖြစ်ပြီး ထိုသို့ ပန်းလှိုင်မြစ် တိမ်ကောလာမှုနှင့်အတူ ရေကျချိန်များတွင် စက်လှေသမ္ဗာန်များ သွားလာရန် မဖြစ်နိုင်သောကြောင့် မြစ်အောက်ပိုင်းရွာများသို့ ပြောင်းရွှေ့နေထိုင် လုပ်ကိုင်သူများပင် ရှိလာကြောင်းလည်း သိရသည်။

''ဒီမှာနေလာတာ အနှစ် ၆၀ ကျော်ပြီ။ ဒီလိုမကြုံဖူးဘူး။ ပန်းလှိုင်မြစ်ကြီး ပျောက်တော့မယ်''ဟု အေးရွာနေ အသက် ၇၀ နှစ်အရွယ်ရှိသူ တစ်ဦးက ပြောပါသည်။

weeklyeleven.com


အမေရိကန် သံအရာရှိများ ဥိးနေမျိုးဝေနှင့် ရွှေနံ့သာကျေးရွာမှလယ်သမားများကို ခေါ်ယူတွေ့ဆုံ

Posted: 14 May 2012 08:39 AM PDT

၁၄.၅.၂၀၁၂ ရက်နေ့မှာ အမေရိကန်သံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တာဝန်ခံ မစ္စတာ ဘော့ ဘေလီ နှင့် နိုင်ငံရေး သံအရာရှိ မစ္စ အားရင်း အီး ၀က်(ဘ်)စတာ မိန်း တို့နှစ်ဦးဟာ ဦးနေမျိုးဝေ အပါအ၀င် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ဥပဒေ ပညာရှင်များ ဖြစ်ကြသည် ဦးဖိုးဖြူ ၊ ဦးညီညီထွေးတို့ကို... ခေါ်ယူတွေ့ဆုံ ပြီး ယနေ့ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စတွေနဲ့ လယ်ယာမြေဥပဒေ အပေါ်မှာ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဥပဒေပညာရှင်တွေ အပိုင်းကတော့ ယခင်ဥပဒေအဟောင်းတွေနဲ့ ထွက်ပေါ်လာတဲ့ လယ်ယာမြေ ဥပဒေအပေါ်မှာ ထောက်ပြစရာတွေကို ဆွေးနွေးခဲ့ကြပြီး ဦးနေမျိုးဝေကတော့ ရွှေနံ့သာလယ်သ မားအရေးနဲ့ သူလိုက်ပါကူညီဆောင်ရွက်ခဲ့တဲ့ လယ်ယာမြေကိစ္စတွေအကြောင်းကို အခြေပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ အပိုင်းက ထောက်ပြစရာ တွေရှိပေမယ့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီအနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ အပေးအယူ မျှမျှတတ ဖြစ်နေပြီး သူတို့အနေနဲ့ ထောက်ခံမှုအပြည့်ရှိတဲ့ အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ ယခုဖြစ်နေတဲ့ ရွှေနံ့သာလယ်သမားတွေ အရေးနဲ့ ပတ်သက်လို့တော့ ဥပဒေအဟောင်း အရပဲ ဖြစ်ဖြစ်၊ ဥပဒေအသစ်အရပဲ ဖြစ်ဖြစ် လယ်သမားတွေဘက်က သာနေကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဦးနေမျိုးဝေကပြောပါတယ်။

ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိသာ ပိုအရေးကြီးတဲ့အကြောင်းနဲ့ လယ်သမားတွေအနေနဲ့က ဇေကမ္ဘာကုမ္ပဏီက လိုက်ရွှေ့နေတဲ့လမ်းကြောင်းအတိုင်း ပထမတုန်းကတော့ ဒီမြေတွေမှာ စက်မှုဇုန်အတွက်လုပ်ကိုင်နေရာမှ ယခုအခါမှာတော့ ဦးခင်ရွှေကလည်း ဒီမြေတွေမှာ သီးစား လုပ်ကိုင်ခွင့်လျှောက်ထားပြီး စက်မှုလယ်ယာအဖြစ် အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိနေကြောင်း အဆိုပါတွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သံအရာရှိတွေသိချင်တာက ဒီကိစ္စတွေမှာ ဘယ်လိုလူမျိုးတွေက သိမ်းဆည်းနေတယ်ဆိုတာနဲ့ ယခုမှ ဖြစ်တာလား ယခင်ကတည်းက ဖြစ်နေတာတွေလား ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအနေနဲ့တော့ နိုင်ငံတကာအနေနဲ့ ဘယ်လိုအကူအညီတွေ ဆောင်ရွက်ပေးသင့် သလဲဆိုတဲ့ အချက်ကို မေးမြန်းတယ်လို့ သိရပါတယ်။

လယ်သမားတွေကလည်း ဇေကမ္ဘာကုမ္ပဏီလိုမျိုးပဲ စက်မှုလယ်ယာကို အကောင်အထည်ဖော်ဖို့ စုပေါင်းပြီး ကုမ္ပဏီထောင်ဖို့ စီစဉ်ပြီးဖြစ်ကြောင်းနဲ့ နေပြည်တော်ကို သွားရောက်မှတ်ပုံတင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စက်မှုလယ်ယာဖော်ဆောင်ရာမှ လိုအပ်မယ့် စက်ယန္တရားတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Naung Taw Lay Facebook


တောင်ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်လက်ခံတွေ့ဆုံ(ဓာတ်ပုံ)

Posted: 14 May 2012 08:30 AM PDT



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံအစိုးရနှင့်
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ကိုရီးယားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးပွဲ




Photo..Hmuu Zaw

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေပါတယ်။(VOA)


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment