- ဦးသိန်းစိန် အစိုးရ ဘိန်းမှောင်ခိုသမား ၁၆ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ဖြင့်လွှတ်ပေး
- ဒို့ပိုင်တဲ့ ဒို့မြေ ဒို့ပြည်ကို ဒို့ပဲ ကာကွယ်ကြရမှာ
ဦးသိန်းစိန် အစိုးရ ဘိန်းမှောင်ခိုသမား ၁၆ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ဖြင့်လွှတ်ပေး Posted: 19 Sep 2011 11:59 PM PDT တာကလူး(နိရဉ္စရာ) ----------- ဘိန်းမှောင်ခို ကုန်ကူးမှုဖြင့် ဖမ်းဆီးထောင်ချ ခံနေရသူ ၁၆ ဦးကို သမ္မတ၏ အထူး လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် တရပ်ဖြင့် များမကြာခင်က ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။ အဆိုပါ အကျဉ်းသား (၁၆)ဦးမှာ ရှမ်းပြည် မြောက်ပိုင်းဒေသမှ "၀" လူမျိုးများဖြစ်ကြပြီး၊ သူတို့၏ ထောင်သက်တမ်းကို အထူး လျှော့ပေါ့ ကာ ယခုလ (၉)ရက်နေ့ သောကြာနေ့ နံနက်က ဘူသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။ "သူတို့က ရှမ်းပြည်မြောက်ပိုင်းက "၀" လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဘိန်းမှောင်ခိုမှုနဲ့ ၂၀၀၅ ခုနှစ်က ဖမ်းဆီးပြီးတော့ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ သူတို့ အတွက် လွတ်ရက်စေ့ဖို့က အချိန်အများကြီးလိုပါသေးတယ်။ ဒါပေမယ့် နေပြည်တော်ကလာတဲ့ အမိန့်အရ အထူးလျှော့ရက်တွေ ပေးပြီး ဒီ သောကြာနေ့ နံနက် ၇း၀၀ နာရီကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေ စစ်တွေ၊ စစ်တွေကနေ သူတို့ရဲ့ နေရပ်ကို အစိုးရအစီအစဉ်နဲ့ ပို့ပေးလိုက်တယ်လို့ ကြားသိရပါတယ်" ဟု သူက ပြောသည်။ အဆိုပါ ဘိန်းမှောင်ခိုသမား (၁၆)ဦးကို ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်၌ ပြုလုပ်ခဲ့သည့် ဘိန်းစစ်ဆင်ရေး တစ်ခု အတွင်း အလေးချိန်အားဖြင့် ကီလိုဂရမ် ၅၀၀ ကျော်ခန့်ရှိသည့် ဘိန်းဘလောက်တုံး ၁၀၀၀ နီးပါးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ သူတို့ကို ၂၀၀၅ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် မူးယစ်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နောက်ပိုင်း အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ထောင်ချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဘူးသီးတောင်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ သူတို့၏ ထောင်သက်တမ်းမှာ ၆ နှစ် နီးပါးခန့်သာ ရှိသေးသော်လည်း နေပြည်တော် အကျဉ်းဦးစီးဌာန၏ အမိန့်အရ အထူး လျော့ပေါ့ရက်များ ပေးကာ လွတ်ပေးလိုက်ခြင်း ဖြစ်သည်။ " သူတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ယခုနှစ် မေလ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွမ်းငြိမ်း ချမ်းသာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ ဘူးသီးတောင်အကျဉ်းထောင်မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆိုသည်။ အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူများ အတွက် အခြေကုပ်လှုပ်ရှားရန် အဓိက နိုင်ငံဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာတွင် ယခုကဲ့သို့ ဘိန်းမှောင်ခို သမားများကို အထူးလျော့ပေါ့ရက်များပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။ ၎င်းပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အများပြည်သူများ လိုလားနေသော နိုင်ငံရေးသမားများ အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဘိန်းမှောင်ခိုသမားများနှင့် ရာဇ၀တ်သားများအတွက် ဖြစ်နေသဖြင့် ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် ပြည်ပတွင်း ပြည်ပတွင် မေးခွန်း ထုတ်လျှက် ရှိသည်။ |
မဝင်းမော်ဦး၈ုဏ်ပြုတေး " လွှတ်လပ်မှအမျှဝေ " Posted: 19 Sep 2011 04:49 PM PDT |
ဒို့ပိုင်တဲ့ ဒို့မြေ ဒို့ပြည်ကို ဒို့ပဲ ကာကွယ်ကြရမှာပါ Posted: 19 Sep 2011 04:45 PM PDT (အောင်မိုးဝင်း) Chi Bwe Hydro Power Dam Photo via demowaiyen မြန်မာပြည်ဟာ အပျက်ဘက်ကို ကုန်းဆင်းအတိုင်း လှိမ့်လာတာ ဆယ်စုနှစ် ၅ စုရှိနေပါပြီ။ အခု ၂၀၁၁ -၂၀၁၂ ဘက်ဂျက်လိုငွေဟာ ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ (ကျပ်ဘီလီယံ ၂,၃၀၀ ကျော်) ရှိနေတယ်ဆိုတာ မဇ္ဈိမသတင်းအရ သိရပါတယ်။ ဆိုလိုတာက နိုင်ငံဟာ အရှုံး ကျပ်ဘီလီယံ ၂,၃၀၀ ကျော် နေပါတယ်။ နိုင်ငံကြီးတနိုင်ငံအတွက် ပြဿနာ မရှိနိုင်ပေမယ့် မြန်မာနိုင်ငံလို ရုန်းကန်နေရတဲ့ နိုင်ငံအတွက် အလွန်များလှပါတယ်။ ကျပ်ဘီလီယံ ၂,၃၀၀ အပြင် နိုင်ငံတကာကနေ နှစ်စဉ်နှစ်တိုင်း ချေးယူထားတဲ့ အခြား အကြွေးတွေ ဘယ်လောက် ရှိနေမလဲဆိုတာ လျှို့ဝှက်ထားတာတွေကြောင့် စီးပွားရေးပညာရှင်တွေတောင် တွက်ချက်ခန့်မှန်းရ ခက်နိုင်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ တရုတ်အစိုးရကို တော်တော်များများ အကြွေးတင်ထားပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ကမ္ဘာနိုင်ငံတွေဟာလည်း သူ့ပြဿနာနဲ့သူ ရုန်းကန်နေရတာပါ။ တရုတ်နိုင်ငံအတွက် ထွက်ပေါက်တခုအနေနဲ့ အသုံးခံနေရတာကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံပါပဲ။ မြန်မာနိုင်ငံကို တရုတ်ပြည်က နောက်ဖေးပေါက်အဖြစ်သုံးဖို့ စီမံကိန်းချ လုပ်ဆောင်လာတာ ကြာပါပြီ။ မြန်မာပြည်ထဲမှာ တရုတ်စကား၊ တရုတ်စာပေ ထွန်းကားအောင်လည်း စနစ်တကျ လုပ်ဆောင်နေဆဲပါ။ မြန်မာအမျိုးသမီးတွေဟာလည်း တရုတ်ပြည်ဖက်ကို ရောင်းကုန်တခုလို တင်ပို့ခံနေရတာလည်း ကြာပါပြီ။ တရုတ်ပြည်အနာဂတ်အတွက် ကြိုတင် ရင်းနှီးထားတာပါ။ လူမျိုးရေးထက် တရုတ်နိုင်ငံရဲ့ပေါ်လစီလို့ ယုံကြည်ပါတယ်။ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကို အိုလံပစ်ပွဲမတိုင်ခင် ရောက်ခဲ့တုန်းက မြန်မာပြည်ထဲက သစ်၊ ကျောက်မျက်ရတနာ အဖိုးတန် အရင်းအမြစ်တွေ တရုတ်နိုင်ငံဖက်ကို အလုံးအရင်းနဲ့ သွင်းနေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ အခုလဲ မြန်မာပြည်မြစ်တွေမှာ ဆည်တွေ၊ ရေကာတာဆောက်လုပ်ရေး လုပ်ငန်းတွေကို အကြွေးနဲ့နှိမ်ပြီး လာဆောက်လို့ သဘာဝပတ်ဝန်းကျင်တခုလုံး ပျက်ဆီးရတယ့်အပြင် ပတ်ဝန်းကျင်ဒေသတခုလုံးက သစ်ဝါးမကျန် သဘာဝအရင်းအမြစ်တွေကို ကိုယ့်ပစ္စည်းလိုသဘောထား သယ်ထုတ်နေတာတဲ့သတင်းတွေ ထွက်ပေါ်လာပြီး လွှတ်တော်ထဲမှာတောင် တင်ပြတယ်လို့လည်း ကြားပါတယ်။ တရုတ်အစိုးရနဲ့ စီးပွားရေးသမားတွေဟာ သူတို့တိုင်းပြည်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးနေရာ ကြာပါပြီ။ ကူမင်းမြို့ကို သုံးကြိမ်တိုင်တိုင်ရောက်ခဲ့စဉ်က လေယာဉ်ပေါ်ကနေ အောက်ကိုကြည့်လိုက်တိုင်း စိတ်မချမ်းသာပါဘူး။ တောင်ကြီးတွေကို စက်အားနဲ့ တအားဖြိုဖျက်ပြီး လမ်းတွေဆောက်၊ စက်ရုံတွေဆောက်ဖို့အတွက် မြေပြင်ညီအောင်လုပ်နေတာဟာ မြင်မကောင်းပါဘူး။ အရေခွံခွာထားတဲ့ သားကောင်တကောင်လို သွေးသံတရဲရဲနဲ့ပါ။ ကူမင်းမြို့တခုလုံးမှာလဲ ရှေးဟောင်းရက်ကွက်တွေကို ဖျက်ပြီး အထပ်မြင့်အိမ်ရာတွေဆောက်ပြစ်နေတာလည်း လူ့ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ပျက်စီးကုန်တာတွေ တွေ့ရတော့တည်း ဝမ်းနည်းမိခဲ့ပါသေးတယ်။ တရုတ်နိုင်ငံဟာ မဟာအင်အားကြီး နိုင်ငံတခုပါ။ အမေရိကန်အစိုးရရဲ့ အကြွေးရှင်နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်သမ္မတ အမေရိကန်ကိုလာတုန်းက တိဘက်လူမျိုးတွေနဲ့အတူ အိမ်ဖြူတော်ရှေ့မှာ သွားဆန္ဒပြတုန်းက သတိထားမိတာကတော့ ကိုရွှေတရုတ်ကြီး ဆန္ဒပြနေတာတွေကို မမြင်နိုင်အောင်လို့ အိမ်ဖြူတော် မျက်နှက်စာဖက်ကို ပိတ်ကားအဖြူကြီးနဲ့ ကာထားပေးခဲ့ပါတယ်။ မျက်နှတော်မညိုးစေလိုဘူးနဲ့ တူပါတယ်။ကျနော်အခုနေထိုင်တဲ့ အမေရိကန်နိုင်ငံမှာလည်း တရုတ်လူမျိုး အများအပြားလာပြီး အခြေချနေထိုင် စီးပွားလုပ်နေကြပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ တရုတ်တန်း ၅ ခုဟာလည်း တနေ့တခြား ကြီးထွားလာနေပါတယ်။ တရုတ်နိုင်ငံမှာ တယောက်ပဲမွေးရတာမို့ အမေရိကန်များ အများအပြားမွေးကြပါတယ်။ ရတဲ့အခွင့်အရေး အကုန်ယူကြပါတယ်။ ရှေ့လူ နောက်လူ မကြည့်ပါဘူး။ အတ္တလွန်ကဲကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ နောက်ပြဿနာတခုကတော့ မက္ကဆီကိုနိုင်ငံကနေ တရားမဝင် လာရောက်အခြေချနေထိုင်မှုပါ။ ဆင်းရဲတဲ့ မက္ကဆီကိုကနေ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်ကို လာရောက် ပြောင်းရွှေ့နေထိုင်ကြတာ မဆန်းပါဘူး။ မြန်မာနိုင်ငံသားတွေလဲ ထိုင်းနိုင်ငံထဲကို တရားမဝင် နေထိုင်နေကြသလိုပါပဲ။ ဒါပေမယ့် ဆင်းရတဲ့ မြန်မာနိုင်ငံမှာထဲကို ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံကနေ တရားမဝင် လာရောက်နေထိုင်နေကြတာကတော့ သဘာဝ မကျလှပါဘူး။ စီမံချက်ရှိရှိ လုပ်ဆောင်နေတယ်လို့မြင်တာကို မှားမယ်မထင်ပါဘူး။ ကျနော်တို့ရဲ့ တိုင်းပြည်ဟာ အပျက်ဖက်ကိုပဲ ဦးတည်သွားနေပါတယ်။ ကိုယ့်ဘက်ကနေ အကာအကွယ်ပေးမယ့် မိတ်ဆွေတွေ အထူးလိုအပ်နေပါတယ်။ မဟာမိတ်ကောင်း ဖွဲ့ရမယ့်အချိန်ဖြစ်နေပါပြီ။ အကျနှေးအောင် အကျမနာအောင် စဉ်းစားနေရတဲ့အချိန်ဖြစ်နေပါပြီ။ ဝိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး ကောင်းသောအနာဂက်ဆီသို့ လက်တွဲသွားရင်း ကာကွယ်ကြပါစို့။ ဖြည့်စွက်။ ။ အာဖရိကမှ တရုတ်ခြေလှမ်းများ http://www.youtube.com/watch?v=_G18WUTOTF0 |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment